ACG ဆိုတာဘာလဲ
<Unicode>
သိထားသင့်တယ်လို့တော့ ထင်ပါတယ်
အဲဒါကြာင့် မ လာခဲ့တာပါ
ACG ဆိုတာဘာလဲ ဟွန်ဒါ
===============
ဟွန်ဒါ ကကြေညာလိုက်တဲ့ စနစ်တစ်ခု။ 
ရိုးရှင်းခြင်းက ဆန်းသစ်တယ် ဆိုတဲ့သဘောသဘာဝ
အတိုင်းပဲမော်ဒန် ဆိုင်ကယ်တွေမှာ တပ်ဆင်လာတဲ့ 
အစိတ်အပိုင်းပဲဖစ်တယ်။ ဒါဆိုဘာလဲ ACG ဆိုတာ။
ACG ( Alternating Current Generaror)
brush less motor system လို့ခေါ်တဲ့ ကာဘွန်ဘရက်အသုံးမပြုတဲ့ စတတ်တာမော်တာစနစ်ပါ။(သင်တန်းကပို့ချချက်တစ်ခုပါခင်ဗျာ ဤကားစကားချပ်)
ECUကနေ တိုက်ရိုက်ထိန်းချုပ်ထားပီးတော့ CKP(Crank shift position sensor ) ကနေ 
အချက်အလက်တစ်ချို့ ယူရသေးတယ်ပေါ့။ဆိုလိုတာက စစ လှည့်မယ့် stoke (ရိုက်ချက်)ဟာ compression stoke အစ သို့ အလည် လောက်ကိုရောက်နေတယ်ဆိုရင် starter motor မပါတဲ့ စနစ်မို့လို့ 
ရှေ့ကိုရုတ်တရက် အရှိန်နဲ့ ဆက်လှည့်ဖို့ မနိုင်တဲ့
အတွက် ckpရဲ့ အချက်အလက်ကိုယူပီးရုတိတရက် 
နောက်ကိုတစ်ပါတ်ခွဲနဲ့ နှစ်ပါတ် နီးနီးလောက် 
အရှိန်ဆတိခနဲယူပီးမှ ရှေ့ကိုဆက်လှည့်တဲ့ သဘောပါ။
အားသာချက်တွေအနေတဲ့ စတတ်ဘောမပါတာ 
မော်တာသီးသန့်မပါတာတွေဟာ ပြုပြင် စရိတ်  
သက်သာစေပါတယ်။ ckp ကနေ ကရိုင်းတည်နေရာကိုအာရုံခံရတယ်ဆိုတာက ရိုးရိုး မော်တာပါတဲ့ ဘီးတွေဟာ
ကရိုင်းတပါတ်လည်ဖို့အတွက် မော်တာအတွင်းရှပ်ဟာ အပါတ်ရည်ခြောက်ဆယ်ကနေ ရှစိဆယ်ကြားလည်ပါတ်ရတယ်။ ဆိုလိုတာက ဘယ်စတုတ်မှာပဲဖြစ်ဖြစ် 
မော်တာဟာ ညီညီမျှမျှ ရုန်းရတယ်။ အဲ့တော့ရုန်းနိုင်တယ်ပဲပြောရမယ်။ နောက်ပိုင်း မော်ဒယ်မြင့်ဘီးတွေမှာ 
မော်တာပါတာတောင် မော်တာအရမ်းညှစ် ရုန်းရမှာ
ဆိုးတာကြောင့် ကင်းမ်ရှပ်တွေမှာ ရစ်ချက် 
ဂါဗနာလေးတွေပါလာတော့ ပိုမို ပေါ့ပေါ့ပါးပါးရုန်းရတာပေါ့။
ACG မော်တာစနစ်ကို ဖေါ်ဆောင်ရတဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိပါသေးတယ် ISS လို့ခေါ်တဲ့ (Idling stop system)ပါ။ အလွယ်ပြောရရင် စလိုးအနေအထားမှာရပ် ပီး လီဘာဆွဲတာနဲ့ ပြန်ပီး အသင့် နိုးလာတဲ့
 စနစ်ပေါ့လေ။ မီးပွိုင့်တွေ bus stopတွေမှာ ခဏ ဘရိတ်ဆွဲရပ်လိုက်ရင် ကီလိုမီတာလက်တံလေးအဆုံးထိကျပီး ငါးစက္ကန့် အတွင်း ရပ်သွားတယ် ပြန်ထွက်ချင်တယ်ဆိုဘရိတ်လွှတ်ပီးလီဘာ လေးပြန်ဆွဲယုံနဲ့ ဆတ်ခနဲ 
ညင်ညင်သာသာ ပြန်နိုးလာတဲ့စနစ်တစ်ခုပါ။
 ECUရဲ့ ထိန်းချုပ်မူအောက်မှာပဲရှိနေပီးတော
့ VS ( မိုင်းလစ်)ဆင်နဲ့ TP (လီဘာ) ဆင်ဆာကိုစနစ်တကျ ထိန်းချုပ် ခိုင်းစေထားတာမျိုးပါ။ အဲ့အခြေနေမှာ
 ACG မော်တာစနစ်ကသာ ပေါ့ပေါ့ပါးပါး ငြိမ်ငြိမ် လေး
 ပြန်ပီးနိုး ထနိုင်မှာပါ။ ဟွန်ဒါက ACG စနစ်ကို Click 125I နဲ့ PCX150တွေမှ စတင်အသုံးပြုခဲ့ပီးတော့ 
နောက်ပိုင်းမှာViro125တွေမှာလဲ တပ်ဆင်အသုံးပြုလာခဲ့ပါတယ်။ ရှေ့တလှမ်းစောတဲ့ ဟွန်ဒါ လူလည်ကျတဲ့
တကွက်ပေါ့ဗျာ။
ဒါဆို အလုပ်လုပ်ပုံက်ု ပြောပြရအောင်ဗျာ
အောက်ကွိုင်မှာပဲ ကွိုင်နှစ်ဆင့် ပါတ်ထားတယ် တဆင့်က ချာချင်ကွိုင်ဖြစ်ပီးတော့တစ်ဆင့်က 
စတတ်တာကော လို့ခေါ်တဲ့ 
 အော်လ်တာနေတာ ကွိုင်ပါ။ အဖိုအဖို တွန်းကန်တဲ့စနစ်
နဲ့ သံလိုက်အုံကို ပြန်တွန်းတာပါ။ စတတ်တာရီလေးက 
စတပ်ခလုပ်ကိုနှိပ်ချိန်မှာ အဖိုစက်ကွင်းချင်းတွန်းဖို့ အားယူလိုက်ပါတယ် CKPက များ 
ကော်ပရေးရှင်းStokeမှာ ရောက်နေတယ်လို့အချက်ပြတာနဲ့ ဆတ်ခနဲနောက်ကိုပြောင်းပြန်ပြန် 
လှည့်ပေးပီးနောက်တချက်မှ ရှေ့ကို ပြန်တွန်းခြင်းဖြင့် အသံမထွက်ပဲ စက်နိုးစေပါတယ်။
တကယ်လို့များ မိတ်ဆွေကလစ် ဟာ စတတ်မွှေ့သံ
ံ ရှည်နေမယ်ဆိုရင်တော့ ရစ်ချက် လေးတွေအလုပ်လုပ်တာပုံမှန်ဟုတ်မဟုတ် စစ်ရမှာဖြစ်သလိုပဲ 
Tippet လေးတွေ ဟ နေလား ( ဟ နေရင်လဲ ကော်ပရေးရှင်းတောင့်နေလို့ နောက်ကိုလှည့်တာများနေတတ်)သတိထားသင့်ပါတယ်။
ACG ဆိုတာ ဘာကိုခေါ်သလဲ တော့ သိလောက်ပီထင်ပါတယ် ဆရာတို့ ညီအကိုတို့ရေ။ပုံလေးတွေလဲဝင်ကြည့်သွားပေးပါ။
Cr
<Zawgyi>
ACG ဆိုတာဘာလဲ ဟွန်ဒါ
===============
တကွက်ပေါ့ဗျာ။
Cr