ဆိုင်ကယ်တစ်စီးရဲ့ ဦးနှောက်

<Unicode>
ပထမဦးစွာ တင်ပေးသောဆရာအား
#creditပေးပါသည်

ဆိုင်ကယ်တစ်စီးရဲ့ ဦးနှောက် (ECM or ECU)
အမျိုးမျိုးခေါ်ကြတာပါပဲ Electronic Control Module သို့မဟုတ် Electronic Control Unit အလုပ်လုပ်ပုံက အတူတူ ပါပဲ တစ်ယောက်ကို တစ်ယောက် ခိုးချတယ် မဖြစ်ရလေအောင် နာမည်လေးနဲနဲ လွှဲပေးကြတာပါ။
ဆိုင်ကယ်ရယ်လို့ စပေါ်ကတည်းက ဆိုင်ကယ် အင်ဂျင်ထဲကို လောင်စာဆီနဲ့ လေ ကို ၁၂ အချိုး ၁ နဲ့ ရောပြီး သွင်းပေးဖို့ ကာဘရိုက်တာ ဆိုတဲ့ ကိရိယာ ကို အသုံးပြုခဲ့ကြပါတယ်။၁၂ အချိုး ၁ ဟာ အမြဲတမ်းအတွက်မသင့်တော်ဘူးဆိုတာကို သိကြပေမယ့် ဒါပဲ တတ်နိုင်တော့ ဒီအတိုင်းပဲ ရှေ့ဆက်ခဲ့ကြရပါတယ်။EFI ဆိုတဲ့ Electronic Fuel Injection ဆိုတာ မပေါ်ခင်အထိပဲ ဆိုပါတော့။EFI ပေါ်လာတော့ အကောင်းဆုံးဆီလေ အရော အချိုးဖြစ်တဲ့ 14.7:1 ကိုလည်း ဖန်တီးပေးနိုင်သလို ဆိုင်ကယ်အင်ဂျင်ရဲ့ အခြေအနေ မောင်းသူရဲ့ သဘောထားနဲ့ ပတ်၀န်းကျင် အခြေအနေတွေ ပေါ်ပါမူတည်ပြီး ဆီလေ အရောကို လိုသလိုကစားပေးလာနိုင်ပါတယ်။အဓိက ထိမ်းချုပ်ဖန်တီးပေးနေတာကတော့ ECU ပါ။ဆိုင်ကယ် တစ်စီးလုံးနေရာ အနှံ့မှာတပ်ထားတဲ့ အာရုံခံ ကိရိယာတွေကနေ ဆိုင်ကယ်မောင်းနှင်နေတဲ့ လက်ရှိအခြေအနေ၊ စွမ်းဆောင်ရည် တွေ ကို ECU ဆီကို မပြတ် သတင်းပို့ပေးနေပါတယ်။ အဲဒီ ECU ကမှ အင်ဂျင်ထဲကို ဆီဖြန်းပေးရမယ့် ပမာဏ နဲ့ မီးပွင့်ပေးရမယ့် အချိန်ကာလ ကို ဆုံးဖြတ်ပေးပါတယ်။ECU ကနေ လိုအပ်လာတဲ့ အခြေအနေ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံး ဆီလေ အရောကိုလည်း ထောက်ပံ့ပေးပါတယ်။ဆီစားအသက်သာဆုံးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရစေပါတယ်။
ကျွန်တော် Honda,Inline 4 engine ကိုအခြေခံပြီးရေးပေးပါ့မယ် ဒါပေမယ့် ရှေ့ကပြောသလိုပဲ နာမည်တွေပေးပုံပဲ ကွာတာပါ အလုပ်လုပ်ပုံက အတူတူ နီးပါးပါပဲ။ဥပမာ Honda က Bank angle sensor လို့ဆိုပြီး Suzuki က Tip over sensor ဆိုပါတယ်။ ဘာမှမဟုတ်ပါဘူး နှစ်ခုလုံးက ဆိုင်ကယ် လိုအပ်တာထက် ပိုစောင်းသွားခဲ့ရင် စက်သတ်ပေးတဲ့ Sensor လေးတွေပါ။နောက်တစ်ကောင်က Lean over sensor ဆိုလည်း ဒါပါပဲ။ဒါ့ကြောင့် Honda ကိုအခြေခံပြီးရေးပေမယ် အားလုံးအတွက် အတူတူ လောက်ပါပဲ ဒီနေရာကကောင် ဒီလိုအလုပ်လုပ်တယ်ဆိုတာ သိရင်ရပါတယ်။နာမည်တွေ မှတ်ရတာ အလုပ်တောင်ရှုပ်ဦးမယ်။
အဓိက ၂ ပိုင်းစကွဲပါတယ်။ Fuel flow ဆီ စီးဆင်းမှု အပိုင်းနဲ့ Electronic Components လျှပ်စစ်ပစ္စည်း တွေ ရယ်လို့ပါ။
ဆီစီးဆင်းမှု အပိုင်းမှာ ဆီပန့်၊ဆီစစ်၊ဆီလိုင်း၊fuel rail or Common rail လို့ခေါ်တဲ့ ဘုံစီးဆင်းမှု ပိုက်(သူက injector အားလုံးနဲ့ ဆက်ထားပြီး ဖိအားမြင့် ကိုလည်း ခံနိုင်ရတယ်) နောက်ပြီး injector လို့ခေါ်တဲ့ ဆီဖြန်းပေးတဲ့ နော်ဇယ် ခေါင်းပေါ့၊Injector ဆိုတာ ဗား တစ်ခုပါပဲ။ ECU ကပေးတဲ့ အမိန့်အရ Injector မှာတပ်ထားတဲ့ Solenoid က electronically အဖွင့်အပိတ် လုပ်ပေးပါတယ်။Solenoid ကိုရောက်လာတဲ့ လျှပ်စစ်ဓာတ်အားကြောင့် Solenoid က Injector ထဲက သံလိုက်ကို ဆွဲတဲ့အခါ ဆီဗား ပွင့်သွားပြီ injector နဲ့ ဆက်ထားတဲ့ Common rail ထဲက ဖိအားမြင့် ဆီတွေဟာ Injector ရဲ့ အပေါက်ကျဉ်းကျဉ်းလေးထဲကနေ ဆီမှုန်ဆီမွှားလေးတွေ အနေနဲ့ Inlet Manifold ထဲကို ၀င်သွားပါတယ်။Solenoid ကို လျှပ်စစ် ဓာတ်အားဖြတ်လိုက်ရင် Injector ထဲက သံလိုက်ကို ဆွဲမထားနိုင်တော့လို့ ဗားပြန်ပိတ်သွားပါမယ်။ဆီ၀င်တာလည်း ရပ်သွားပါမယ်။အဲဒီတော့ ဆီဘယ်လောက်ကျွေးသလဲ ဆိုတာဟာ injector ဘယ်လောက်ကြာကြာ ပွင့်သလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။အဲဒါကိုပဲ Injection duration ဆီဖြန်းကြာချိန် လို့ပဲခေါ်ပါတယ်။ECU က ကြာကြာဖွင့်ခိုင်းထားလေ Manifold ထဲကို ဆီများများ၀င်လေပါပဲ။အဲဒီ ဆီဖြန်းကာလ ကို ECU က ရလာတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး ထိမ်းချုပ်ပေးပါတယ်။ရှင်းပြတော့သာ အကြာကြီး ဖြစ်နေတာ တကယ်တမ်း စက်နှိုးပြီး စလိုးထား ထားတဲ့ rpm 1200 လောက်ဆို အဲဒီ injector ကတစ်စက္ကန့်အတွင်းမှာ ၁၀ ကြိမ် အဖွင့်အပိတ် ဖြစ်နေမှာဗျ။မှန်းကြည့်လို့ရအောင်ပါ။
ဆီပန့်နဲ့ ဆီစစ်ကတော့ ဆီတိုင်ကီထဲမှာထည့်ထားပါတယ်။ဆီပန့်ကနေ ဆီကို ဆီစစ်ကနေတဆင့် Pressure regulator ဖိအားချိန်ညှိပေးတဲ့ ကိရိယာ ဆီကို ပို့ပေးပါတယ် ။ သူက Commom rail ရဲ့ ထိပ်မှာရှိပါတယ်။ဆီလိုင်းထဲမှာ လိုအပ်တဲ့ ဖိအား ပုံမှန်ရှိနေအောင် ထိမ်းထားပေးပါတယ်။ဆီ အသုံးနည်းနေသေးရင် ပန့်က တွန်းပို့နေတဲ့ ဆီတွေကိုလိုသလောက်ပဲသုံြး ပီး ပိုသမျှကို ဆီတိုင်ကီ ထဲကို return line ကနေတဆင့်ပြန်ပို့နေပါတယ်။အင်ဂျင်အပတ်ရေများလာလို့ ဆီ အသုံးများလာရင်လည်း များများဖွင့်ပေးပြီး ဘုံ လိုင်းထဲမှာ ဆီ အလုံအလောက်ရှိနေစေပါတယ်။
နောက်တစ်ပိုင်းက လျှပ်စစ် အစိတ်အပိုင်းတွေပါ။အခြေခံအားဖြင့်တော့ အာရုံခံ ကိရိယာတွေ နဲ့ ECU ပေါ့။
ပထမဆုံးအနေနဲ့က Throttle Position Sensor(TP or TPS) လီဗာ ဆွဲရင် အဖွင့်အပိတ်ဖြစ်နေတတ်တဲ့ inlet manifold အ၀က တံခါးလေးနားမှာ ရှိပါတယ်။မောင်းတဲ့ သူက လီဗာ ဆွဲတဲ့အခါမှာ Throttle body ပွင့်တဲ့ ပမာဏ ကို Resistance လို့ခေါ်တဲ့ လျှပ်စစ်ခုခံအားအနေနဲ့ ထောက်လှမ်းသိရှိပြီး အဲဒီ resistance ကိုမှ Voltage အနေနဲ့ ပြန်ပြောင်းပြီး ECU ကို Voltage signal ပေးပါတယ်။
နောက်တစ်ခုက Engine Coolant Temperature Sensor(ECT)ပါ။Cylinder head ရဲ့ရှေ့မှာ ရှိတတ်ပါတယ်။အင်ဂျင်ထဲမှာ အအေးပေးဖို့ လည်ပတ်နေတဲ့ ရေရဲ့ အပူချိန်ကို အာရုံခံပါတယ်။သိကြတဲ့အတိုင်း အင်ဂျင်အေးနေရင် နိုး ဖို့ ဆီပိုလိုပါတယ်။ကာဗရိုက်တာ အင်ဂျင်တွေမှာတော့ ဆီများများသွားအောင် လေလမ်းကြောင်းကို ချုပ်ဆွဲပြီး ပိတ်ပေးလိုက်ပါတယ်။ECT ကတော့ ECU ကို injector ကြာကြာဖွင့်ပေးထားဖို့ Signal ပေးခြင်းအားဖြင့် ဆီလေအရောကို ဆီကြွယ်၀ တဲ့ အရောအချိုး ဖြစ်စေပါတယ်။အအေးခံရေ ရဲ့ အပူချိန်အပြောင်းအလဲကို Thermister လို့ခေါ်တဲ့ Electrical Thermometer လေးက resistance တန်ဖိုး အနေနဲ့ ထောက်လှမ်းသတင်းပို့ပါတယ်။အအေးခံရေ အေးနေရင် resistance တန်ဖိုး မြင့်နေပါမယ်။အအေးခံရေ ပူလာရင် resistance တန်ဖိုး ကျ လာပါမယ်။အဲဒီ resistance တန်ဖိုးတွေဟာ Voltage အနေနဲ့ ဘာသာပြန်ပြီး ECU ကို သွားပါတယ်။ဒီ Sensor က အလုပ် နှစ်ခု လုပ်ပါတယ် ECU ကို signal ပေးသလို ဒိုင်ခွက်ပေါ်ကိုလည်း ရေအပူချိန်ကို သတင်းပို့ပါသေးတယ်။
Intale Air Temperature Sensor(IAT),လေစစ်ဇကာ ထည့်ထားတဲ့ လေအ၀င်ဗူးကြီးရဲ့ အောက်ခြေနားမှာ ရှိပါတယ်။အင်ဂျင်ထဲ ၀င်မယ့်လေ ရဲ့အပူချိန်ကို အာရုံခံပါတယ်။လေ က အပူချိန်ပြောင်းရင် သိပ်သည်းဆ ပါပြောင်းပါတယ်။အေးနေရင် သိပ်သည်းဆ များပြီး ပူရင် ပွ လာပြီး သိပ်သည်းဆ နည်းလာပါတယ်။သိပ်သည်းဆ နည်းလာရင် ထုထည်ပမာဏ လည်း နည်း လာတာကြောင့် ဆီလေအရော အချိုး အပေါ်လည်း သက်ရောက်မှု ရှိလာပါတယ်။အဲတော့ လေအပူချိန်ကို သိရရင် ECU က အင်ဂျင်ထဲ ၀င်လာတဲ့လေရဲ့ အခြေအနေကို ကြည့်ပြီး ဆီပမာဏ ကို လိုက်ချိန်ညှိပေးနေလို့ရပါတယ်။သူကလည်း လေအပူချိန်အပြောင်းအလဲကို Voltage အနည်းအများအနေနဲ့ ဘာသာပြန်ပြီး ECU ဆီကို လွှတ်ပေးပါတယ်။လေအေးနေတဲ့ အချိန်ဆ်ို ဆီကို ပိုကျွေးရမှာပါ။
Barro Sensor,
Suzuki ကတော့ Atmospheric Pressure Sensor လို့ခေါ်ပါတယ်။Barrometric Pressure လို့ခေါ်တဲ့ ပတ်၀န်းကျင်လေထုဖိအားအပြောင်းအလဲကို အာရုံခံပေးတာပါ။အနိမ့်အမြင့်ကြောင့်ပဲ ဖြစ်ဖြစ် ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ် ပတ်၀န်းကျင်လေထု ဖိအားအပြောင်းအလဲ ဖြစ်တဲ့အခါ ECU ကို Voltage Signal ပေးတာကြောင့် ECU က ဆီကို လိုသလို လိုက်ချိန်ပေးနိုင်ပါတယ်။ဆိုင်ကယ်ရဲ့နောက်ထိုင်ခုံ ဘေးလောက်နေရာ ကာဗာ အောက်မှာ ရှိတတ်ပါတယ်။ပင်လယ်ရေမျက်နှာပြင် အညီမှာသာ 14.7mmHg ရှိပေမယ့် အပေါ်မြင့်လာလေ လေထုကပါးလာလေပဲလေ။လေအ၀င်နည်းလာရင် ဆီကိုလည်း လျှော့ပေးရတော့မှာပါ။အဲဒီတာ၀န်ကို ECU က Barro senser ကပေးပို့တဲ့ Voltage signal ပေါ်မူတည်ပြီး လိုက်ဖြည့်ပေးပါတယ်။ဒီနေရာမှာ စကားစပ်လို့ America မှာလည်း Isle of man TT လိုပဲ စံချိန်ယူပြီး ပြိုင်ရတဲ့ ပေပေါင်း ၁၄၀၀၀ မြင့်ပြီး အကွေ့ပေါင်း ၁၅၆ ကွေ့ရှိတဲ့ Pikes Peak လို့ခေါ်တဲ့ ပြိုင်ပွဲ မှာ ၀င်ပြိုင်တဲ့ ကာဗရိုက်တာ ဘီးတွေဟာ လေထုဖိအားနည်းလာတဲ့ အခြေအနေမှာ လိုအပ်တဲ့ ဆီလေအရောရနိုင်ဖို့ အတော်ခက်ခက်ခဲခဲ ချိန်ကြရတာ တွေ့ရပါတယ်။EFI ဘီးတွေကတော့ ထည့် စဉ်းစားစရာကို မလိုပါဘူး။ ECU က သူ့ဟာသူ ချိန်ညှ်ိပေးသွားမှာပါ။DUCATI ရဲ့ Multistrada ကို နည်းနည်းပါးပါး အဆင့်မြှင့်ပြီး ၀င်ပြိုင်တာ ၄ နှစ်ဆက်တိုက်အနိုင်ရလာတော့ Multistrada Pikes Peak Edition ဆိုပြီး နည်းနည်း ပိုကောင်းတဲ့ ပစ္စည်းတွေထည့်ပေးပြီး ပုံမှန်ထက်မြင့်တဲ့ ဈေးနဲ့ ရောင်းနေပါတယ်။ စကားစပ်လို့ ဗဟုသုတ ပါ။
နောက်တစ်ခုက Manifold Absloute Pressure Sensor(MAP),IAT လိုပါပဲ Air Cleaner ဗူးကြီးမှာ တပ်ထားတာပါပဲ။အင်ဂျင်ထဲကို လေ၀င်တဲ့ Intake port တိုင်းမှာတပ်ထားပြီး အင်ဂျင်ရဲ့ လေစုပ်ယူမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေဟာနယ် တစ်နည်းအားဖြင့် Vaccum ပမာဏ ကိုတိုင်းတာပြီး အနည်းအများကို Voltage signal အနေနဲ့ ECU ကို သတင်းပို့ပါတယ်။
နောက်အရေးအကြီးဆုံး သိထားရမှာ နှစ်ခု ရှိပါသေးတယ်။
Ignition Pulse Generator သို့မဟုတ်
Crankshaft Position Sensor(KPS) လို့ခေါ်တဲ့ sensor ပါ။ခွေးသွားစိတ်လေးတစ်ခုက ကရိုင်းရှပ်ပေါ်မှာ ရှိပြီး Pulse generator လို့ခေါ်တဲ့ သံလိုက်တုံးလေးက ကရိုင်းရှပ်ကာဗာပေါ်မှာ ရှိပါတယ်။ခွေးသွားစိတ်ကလေးက တစ်နေရာမှာ တစ်သွားပဲ့နေသလို သို့မဟုတ် နှစ်သွားဆက်နေသလို တစ်မျိုးမျိုး လုပ်ထားတတ်ပါတယ်။ဒါမှ သံလိုက်တုံးလေးနားကနေ အသွားလေးတွေ ဖြတ်သွားတဲ့ အခါ လျော့နေတဲ့နေရာ သို့မဟုတ် ပြည့်နေတဲ့ နေရာရောက်ရင် ပြတ်တောင်းပြတ်တောင်း signal လေးက နည်းနည်းပိုကြာ သွားမှာပါ။ဒါဆို ECU က တစ်ပတ်ပြည့်ကြောင်း သိမှာပါ ။သံလိုက်တုံး လေးကနေ ပြတ်တောင်းပြတ်တောင်း လျှပ်စစ် အချက်ပြတွေ ထုတ်လွှတ်ပေးနေလို့ Pulse generator လို့လည်း ခေါ်တာပါ။သူ့ဆီက အချက်ပေးစနစ်ကနေတဆင့် အင်ဂျင်ရဲ့ အပတ်ရေကို ECU က သိနေတာပါ။အဲဒီ အပတ်ရေ နဲ့ တခြား Sensor တွေက ပေးပို့တဲ့ သတင်းအချက်အလက်တွေကို စုပေါင်းပြီး လက်ရှိအခြေအနေအတွက်အသင့်တော်ဆုံး ဆီနဲ့ မီး ကို ECU က ထောက်ပံ့ပါတယ်။
နောက်တစ်ခုက Camshaft Position Sensor သို့မဟုတ် Cam Pulse Generator,Cylinder Head ရဲ့ နောက်ပိုင်းမှာ ရှိပါတယ်။သူကတော့ ဘယ်အလုံး မီးပေါက်နေသလဲ ဆိုတာကို Camshaft ရဲ့ Position ပေါ်မူတည်ပြီး သတင်းပို့ပါတယ်။အဲဒါကို အခြေခံပြီး အလှည့်ကျ ဆီပေးစနစ်ကို ECU က ထိမ်းချုပ်ပါတယ်။
Bank angle sensor ဒိုင်ခွက်ရှေ့က ခေါင်းထဲမှာ ရှိပါတယ်။ထောင်လျှက်အနေအထားကနေ ၆၀ ဒီကရီထက်ပိုစောင်းခဲ့မယ်ဆို ရင် ဆီနဲ့ မီးကို ယာယီ ဖြတ်တောက်စေဖို့ ECU ကို သတင်းပို့ပါတယ်။
Vehicle Speed Sensor(VSS) ယာဉ်အရှိန်အာရုံခံ ကိရိယာပါ။ရှေ့စပေါ့ကက်ရဲ့ ကာဗာအောက်မှာ ရှိပါတယ်။ဆိုင်ကယ်ပြေးနေတဲ့ အရှိန်ကို ECU ဆီကို သတင်းပို့ပါတယ်။
Oxygen Sensor ,
Exhaust pipe မှာတပ်ထားပါတယ်။Catalytic Converter (ကျောက်ဇကာ)ပါတဲ့ကောင်တွေဆို ကျောက်ဇကာ မတိုင်ခင်တစ်ခု ကျောက်ဇကာ အထွက်မှာတစ်ခု တပ်ပါတယ်။Exhaust ငွေ့ထဲမှာ ပါတဲ့ အောက်ဆီဂျင်သိပ်သည်းဆပမာဏ ကိုတိုင်းနေပါတယ်။O2ပါသင့်တာထက်နည်းနေပြီဆို ဆီများတဲ့ အချိုး ဖြစ်တဲ့ Rich Mixture ဖြစ်နေပြီမို့ဆီ ပေးတာကို လျှော့ချစေပါတယ်။O2ပါသင့်တာထက်များနေပြီ ဆိုရင် Lean Mixture ,ဆီနည်းလေများတဲ့ အချိုးဖြစ်နေပြီ မို့ ဆီ ကို ပိုကျွေးစေပါတယ်။
အခြေခံအားဖြင့် ECU နဲ့ တွဲပြီး အလုပ်လုပ်တဲ့ Sensor တွေကတော့ ဒီလောက်ပါပဲ။Company ပေါ်မူတည်ပြီး အပိုဆာဒါးလေးတွေတော့ ရှိတတ်ပါတယ်။ဥပမာ Battery Voltage Sensor,Engine RPM Sensor,Starting Sensor,Acceleration Deceleration Sensor,Over Revolution Sensor စသည်ဖြင့်ပေါ့ ။အများစုအတွက်က Crankshaft Sensor ကပေးတဲ့ အချက်အလက်နဲ့တင် အလုပ်ဖြစ်ပါတယ်။
ECM ထဲမှာ ဆိုင်ကယ်ထုတ်တဲ့ ကုမ္ပဏီက သူ့ဆိုင်ကယ်အတွက် သင့်တော်မယ်ထင်တဲ့ ဆီကျွေးနှုန်း မီးပေါက်ချိန်တွေကို အာရုံခံတွေက ပေးတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီး ဘယ်အခြေအနေမှာ ဘယ်လို ဘယ်လောက်ပေးဖို့ဆိုတာကို ကြိုတင် ပရိုဂရမ်သွင်း ပေးထားပါတယ်။ပုံဖော်ကြည့်မယ်ဆိုရင် ဂရပ် တစ်ခုအနေနဲ့ မြင်ရမှာမို့ သူတို့က Map (မြေပုံ)လို့ခေါ်ပါတယ်။ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို Map နဲ့ တိုက်ဆိုင် စစ်ဆေးပြီး လိုအပ်သလို စီမံ ခန့်ခွဲပေးပါတယ်။အဲဒီ မှာလည်း Map က နှစ်ခုပါပါတယ်။Operation Map နဲ့ Back up Map တို့ ဖြစ်ပါတယ်။Operation Map က ပုံမှန်အလုပ်လုပ်နေတဲ့ အချိန်မှာ အသုံးပြုပြီး Sensor တစ်ခုခုက အကြောင်းအမျိုးမျိုးကြောင့် အလုပ်မလုပ်တော့လျှင်သော်လည်းကောင်း ပုံမမှန်တော့ရင်သော်လည်းကောင်း ECU က Back up programmed Map ကို အသုံးပြုပြီး ဆိုင်ကယ်ကို ဆက်မောင်းလို့ရအောင် လုပ်ပေးထားပါတယ်။အင်ဂျင် တုန့်ပြန်မှုတွေ ဟာ အကောင်းဆုံး အနေအထားမှာ မဟုတ်ပေမယ့် ဆိုင်ကယ်ကို အိမ်ပြန်ရောက်အောင်၊ဝပ်ရှေ့ာ ရောက်လောက်အောင်တော့ ကူညီပေးပါလိမ့်မယ်။ဒိုင်ခွက်မှာတော့ Check မီး သော်လည်းကောင်း မီးအနီ (Malfunction Indicator Light,MIL)သော်လည်းကောင်း လင်းနေပါလိမ့်မယ်။ပြဿနာ အတိမ်အနက်ပေါ်မူတည်ပြီး တစ်ချို့ အင်ဂျင်တွေမှာ ရပ်ပြီးရင် ပြဿနာ ရှင်းမပြီး မချင်း ပြန်နှိုးလို့မရတော့ပါဘူး။တစ်ချို့ အင်ဂျင်တွေကတော့ ထုံပေပေကြီးနဲ့ နိုးနေပြီး MIL လင်းနေပါလိမ့်မယ်။Sensor တွေဟာ လျှပ်စစ်ကို အခြေခံပြီး အလုပ်လုပ်နေတာမို့ အရင်ဆုံး လျှပ်စစ် စီးဆင်းမှုကောင်းမကောင်း Connection မိ မမိ ကိုတော့ အရင်စစ်သင့်ပါတယ်။အရင်တုန်းကတော့ ဖြစ်တဲ့ ပြဿနာကို MIL မီးမှိတ်တုပ် မှိတ်တုပ် ဖြစ်တဲ့ အကြိမ်အရေအတွက်ကို မှတ်ထားပြီး Service Manual မှာ ပါတဲ့ Code နံပါတ်နဲ့ အဖြေရှာကြရပါတယ်။၇ ချက် မှိတ်ရင် Code No 7, အကြာကြီးတစ်ချက်(၁၀ နဲ့ညီ) နောက် ၄ ချက် ဆို Code No 14 ကို သွားဖတ်ရမှာပါ။ အခုနောက်ပိုင်းကျ LCD ဒိုင်ခွက်မှာ Code No ကို တစ်ခါထဲ ပြပေးပါတယ်။
ဒါကြောင့် EFI ဘီးတွေမှာ Exhaust Silencer လဲရင်ဖြစ်ဖြစ်၊Turbo Charger တပ်ရင်ပဲ ဖြစ်ဖြစ် ပရိုဂရမ် Map ကို ပြန်ပြင်ပေးရပါတယ်။အဲဒါကို Remap လုပ်တယ်လို့ခေါ်ပါတယ်။OBD II လို ကိရိယာတွေ လိုလာသလို Software တွေလည်း လိုလာပါတယ်။တစ်ချို့ကျတော့လည်း စက်ရုံက ထုတ်တဲ့ ECU ထက် ပိုကောင်းအောင် ပရိုဂရမ်ဆွဲပြီး After Market product အနေနဲ့ ရောင်းကြပါတယ်။ဈေးကြီးသလို ဘီးရဲ့ စွမ်းဆောင်ရည်ကလည်း ဘာ ပစ္စည်းမှ လဲစရာမလိုပဲ သိသိသာသာပြောင်းသွားပါတယ်။
ဒါလောက်ဆို EFI or PGM -FI ဘီးတွေမှာပါတဲ့ Micro Computer ECM ရဲ့အကြောင်းကို အကြမ်းဖျဉ်းလောက်တော့ သိကြမယ်ထင်ပါတယ်။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။
ဆရာတစ်ဦးထံမှ ကူးယူသည်-----------------*

<Zawgyi>
ပထမဦးစြာ တင္ေပးေသာဆရာအား
#creditေပးပါသည္

ဆိုင္ကယ္တစ္စီးရဲ႕ ဦးေႏွာက္ (ECM or ECU)
အမ်ိဳးမ်ိဳးေခၚၾကတာပါပဲ Electronic Control Module သို႔မဟုတ္ Electronic Control Unit အလုပ္လုပ္ပုံက အတူတူ ပါပဲ တစ္ေယာက္ကို တစ္ေယာက္ ခိုးခ်တယ္ မျဖစ္ရေလေအာင္ နာမည္ေလးနဲနဲ လႊဲေပးၾကတာပါ။
ဆိုင္ကယ္ရယ္လို႔ စေပၚကတည္းက ဆိုင္ကယ္ အင္ဂ်င္ထဲကို ေလာင္စာဆီနဲ႔ ေလ ကို ၁၂ အခ်ိဳး ၁ နဲ႔ ေရာၿပီး သြင္းေပးဖို႔ ကာဘ႐ိုက္တာ ဆိုတဲ့ ကိရိယာ ကို အသုံးျပဳခဲ့ၾကပါတယ္။၁၂ အခ်ိဳး ၁ ဟာ အၿမဲတမ္းအတြက္မသင့္ေတာ္ဘူးဆိုတာကို သိၾကေပမယ့္ ဒါပဲ တတ္ႏိုင္ေတာ့ ဒီအတိုင္းပဲ ေရွ႕ဆက္ခဲ့ၾကရပါတယ္။EFI ဆိုတဲ့ Electronic Fuel Injection ဆိုတာ မေပၚခင္အထိပဲ ဆိုပါေတာ့။EFI ေပၚလာေတာ့ အေကာင္းဆုံးဆီေလ အေရာ အခ်ိဳးျဖစ္တဲ့ 14.7:1 ကိုလည္း ဖန္တီးေပးႏိုင္သလို ဆိုင္ကယ္အင္ဂ်င္ရဲ႕ အေျခအေန ေမာင္းသူရဲ႕ သေဘာထားနဲ႔ ပတ္၀န္းက်င္ အေျခအေနေတြ ေပၚပါမူတည္ၿပီး ဆီေလ အေရာကို လိုသလိုကစားေပးလာႏိုင္ပါတယ္။အဓိက ထိမ္းခ်ဳပ္ဖန္တီးေပးေနတာကေတာ့ ECU ပါ။ဆိုင္ကယ္ တစ္စီးလုံးေနရာ အႏွံ႔မွာတပ္ထားတဲ့ အာ႐ုံခံ ကိရိယာေတြကေန ဆိုင္ကယ္ေမာင္းႏွင္ေနတဲ့ လက္ရွိအေျခအေန၊ စြမ္းေဆာင္ရည္ ေတြ ကို ECU ဆီကို မျပတ္ သတင္းပို႔ေပးေနပါတယ္။ အဲဒီ ECU ကမွ အင္ဂ်င္ထဲကို ဆီျဖန္းေပးရမယ့္ ပမာဏ နဲ႔ မီးပြင့္ေပးရမယ့္ အခ်ိန္ကာလ ကို ဆုံးျဖတ္ေပးပါတယ္။ECU ကေန လိုအပ္လာတဲ့ အေျခအေန စြမ္းေဆာင္ရည္ေပၚမူတည္ၿပီး လက္ရွိအေျခအေနအတြက္ အသင့္ေတာ္ဆုံး ဆီေလ အေရာကိုလည္း ေထာက္ပံ့ေပးပါတယ္။ဆီစားအသက္သာဆုံးနဲ႔ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ရေစပါတယ္။
ကြၽန္ေတာ္ Honda,Inline 4 engine ကိုအေျခခံၿပီးေရးေပးပါ႔မယ္ ဒါေပမယ့္ ေရွ႕ကေျပာသလိုပဲ နာမည္ေတြေပးပုံပဲ ကြာတာပါ အလုပ္လုပ္ပုံက အတူတူ နီးပါးပါပဲ။ဥပမာ Honda က Bank angle sensor လို႔ဆိုၿပီး Suzuki က Tip over sensor ဆိုပါတယ္။ ဘာမွမဟုတ္ပါဘူး ႏွစ္ခုလုံးက ဆိုင္ကယ္ လိုအပ္တာထက္ ပိုေစာင္းသြားခဲ့ရင္ စက္သတ္ေပးတဲ့ Sensor ေလးေတြပါ။ေနာက္တစ္ေကာင္က Lean over sensor ဆိုလည္း ဒါပါပဲ။ဒါ႔ေၾကာင့္ Honda ကိုအေျခခံၿပီးေရးေပမယ္ အားလုံးအတြက္ အတူတူ ေလာက္ပါပဲ ဒီေနရာကေကာင္ ဒီလိုအလုပ္လုပ္တယ္ဆိုတာ သိရင္ရပါတယ္။နာမည္ေတြ မွတ္ရတာ အလုပ္ေတာင္ရႈပ္ဦးမယ္။
အဓိက ၂ ပိုင္းစကြဲပါတယ္။ Fuel flow ဆီ စီးဆင္းမႈ အပိုင္းနဲ႔ Electronic Components လွ်ပ္စစ္ပစၥည္း ေတြ ရယ္လို႔ပါ။
ဆီစီးဆင္းမႈ အပိုင္းမွာ ဆီပန္႔၊ဆီစစ္၊ဆီလိုင္း၊fuel rail or Common rail လို႔ေခၚတဲ့ ဘုံစီးဆင္းမႈ ပိုက္(သူက injector အားလုံးနဲ႔ ဆက္ထားၿပီး ဖိအားျမင့္ ကိုလည္း ခံႏိုင္ရတယ္) ေနာက္ၿပီး injector လို႔ေခၚတဲ့ ဆီျဖန္းေပးတဲ့ ေနာ္ဇယ္ ေခါင္းေပါ႔၊Injector ဆိုတာ ဗား တစ္ခုပါပဲ။ ECU ကေပးတဲ့ အမိန္႔အရ Injector မွာတပ္ထားတဲ့ Solenoid က electronically အဖြင့္အပိတ္ လုပ္ေပးပါတယ္။Solenoid ကိုေရာက္လာတဲ့ လွ်ပ္စစ္ဓာတ္အားေၾကာင့္ Solenoid က Injector ထဲက သံလိုက္ကို ဆြဲတဲ့အခါ ဆီဗား ပြင့္သြားၿပီ injector နဲ႔ ဆက္ထားတဲ့ Common rail ထဲက ဖိအားျမင့္ ဆီေတြဟာ Injector ရဲ႕ အေပါက္က်ဉ္းက်ဉ္းေလးထဲကေန ဆီမႈန္ဆီမႊားေလးေတြ အေနနဲ႔ Inlet Manifold ထဲကို ၀င္သြားပါတယ္။Solenoid ကို လွ်ပ္စစ္ ဓာတ္အားျဖတ္လိုက္ရင္ Injector ထဲက သံလိုက္ကို ဆြဲမထားႏိုင္ေတာ့လို႔ ဗားျပန္ပိတ္သြားပါမယ္။ဆီ၀င္တာလည္း ရပ္သြားပါမယ္။အဲဒီေတာ့ ဆီဘယ္ေလာက္ေကြၽးသလဲ ဆိုတာဟာ injector ဘယ္ေလာက္ၾကာၾကာ ပြင့္သလဲ ဆိုတဲ့အေပၚမူတည္ပါတယ္။အဲဒါကိုပဲ Injection duration ဆီျဖန္းၾကာခ်ိန္ လို႔ပဲေခၚပါတယ္။ECU က ၾကာၾကာဖြင့္ခိုင္းထားေလ Manifold ထဲကို ဆီမ်ားမ်ား၀င္ေလပါပဲ။အဲဒီ ဆီျဖန္းကာလ ကို ECU က ရလာတဲ့ သတင္းအခ်က္အလက္ေတြကိုအေျခခံၿပီး ထိမ္းခ်ဳပ္ေပးပါတယ္။ရွင္းျပေတာ့သာ အၾကာႀကီး ျဖစ္ေနတာ တကယ္တမ္း စက္ႏႈိးၿပီး စလိုးထား ထားတဲ့ rpm 1200 ေလာက္ဆို အဲဒီ injector ကတစ္စကၠန္႔အတြင္းမွာ ၁၀ ႀကိမ္ အဖြင့္အပိတ္ ျဖစ္ေနမွာဗ်။မွန္းၾကည့္လို႔ရေအာင္ပါ။
ဆီပန္႔နဲ႔ ဆီစစ္ကေတာ့ ဆီတိုင္ကီထဲမွာထည့္ထားပါတယ္။ဆီပန္႔ကေန ဆီကို ဆီစစ္ကေနတဆင့္ Pressure regulator ဖိအားခ်ိန္ညႇိေပးတဲ့ ကိရိယာ ဆီကို ပို႔ေပးပါတယ္ ။ သူက Commom rail ရဲ႕ ထိပ္မွာရွိပါတယ္။ဆီလိုင္းထဲမွာ လိုအပ္တဲ့ ဖိအား ပုံမွန္ရွိေနေအာင္ ထိမ္းထားေပးပါတယ္။ဆီ အသုံးနည္းေနေသးရင္ ပန္႔က တြန္းပို႔ေနတဲ့ ဆီေတြကိုလိုသေလာက္ပဲသုံြး ပီး ပိုသမွ်ကို ဆီတိုင္ကီ ထဲကို return line ကေနတဆင့္ျပန္ပို႔ေနပါတယ္။အင္ဂ်င္အပတ္ေရမ်ားလာလို႔ ဆီ အသုံးမ်ားလာရင္လည္း မ်ားမ်ားဖြင့္ေပးၿပီး ဘုံ လိုင္းထဲမွာ ဆီ အလုံအေလာက္ရွိေနေစပါတယ္။
ေနာက္တစ္ပိုင္းက လွ်ပ္စစ္ အစိတ္အပိုင္းေတြပါ။အေျခခံအားျဖင့္ေတာ့ အာ႐ုံခံ ကိရိယာေတြ နဲ႔ ECU ေပါ႔။
ပထမဆုံးအေနနဲ႔က Throttle Position Sensor(TP or TPS) လီဗာ ဆြဲရင္ အဖြင့္အပိတ္ျဖစ္ေနတတ္တဲ့ inlet manifold အ၀က တံခါးေလးနားမွာ ရွိပါတယ္။ေမာင္းတဲ့ သူက လီဗာ ဆြဲတဲ့အခါမွာ Throttle body ပြင့္တဲ့ ပမာဏ ကို Resistance လို႔ေခၚတဲ့ လွ်ပ္စစ္ခုခံအားအေနနဲ႔ ေထာက္လွမ္းသိရွိၿပီး အဲဒီ resistance ကိုမွ Voltage အေနနဲ႔ ျပန္ေျပာင္းၿပီး ECU ကို Voltage signal ေပးပါတယ္။
ေနာက္တစ္ခုက Engine Coolant Temperature Sensor(ECT)ပါ။Cylinder head ရဲ႕ေရွ႕မွာ ရွိတတ္ပါတယ္။အင္ဂ်င္ထဲမွာ အေအးေပးဖို႔ လည္ပတ္ေနတဲ့ ေရရဲ႕ အပူခ်ိန္ကို အာ႐ုံခံပါတယ္။သိၾကတဲ့အတိုင္း အင္ဂ်င္ေအးေနရင္ ႏိုး ဖို႔ ဆီပိုလိုပါတယ္။ကာဗ႐ိုက္တာ အင္ဂ်င္ေတြမွာေတာ့ ဆီမ်ားမ်ားသြားေအာင္ ေလလမ္းေၾကာင္းကို ခ်ဳပ္ဆြဲၿပီး ပိတ္ေပးလိုက္ပါတယ္။ECT ကေတာ့ ECU ကို injector ၾကာၾကာဖြင့္ေပးထားဖို႔ Signal ေပးျခင္းအားျဖင့္ ဆီေလအေရာကို ဆီႂကြယ္၀ တဲ့ အေရာအခ်ိဳး ျဖစ္ေစပါတယ္။အေအးခံေရ ရဲ႕ အပူခ်ိန္အေျပာင္းအလဲကို Thermister လို႔ေခၚတဲ့ Electrical Thermometer ေလးက resistance တန္ဖိုး အေနနဲ႔ ေထာက္လွမ္းသတင္းပို႔ပါတယ္။အေအးခံေရ ေအးေနရင္ resistance တန္ဖိုး ျမင့္ေနပါမယ္။အေအးခံေရ ပူလာရင္ resistance တန္ဖိုး က် လာပါမယ္။အဲဒီ resistance တန္ဖိုးေတြဟာ Voltage အေနနဲ႔ ဘာသာျပန္ၿပီး ECU ကို သြားပါတယ္။ဒီ Sensor က အလုပ္ ႏွစ္ခု လုပ္ပါတယ္ ECU ကို signal ေပးသလို ဒိုင္ခြက္ေပၚကိုလည္း ေရအပူခ်ိန္ကို သတင္းပို႔ပါေသးတယ္။
Intale Air Temperature Sensor(IAT),ေလစစ္ဇကာ ထည့္ထားတဲ့ ေလအ၀င္ဗူးႀကီးရဲ႕ ေအာက္ေျခနားမွာ ရွိပါတယ္။အင္ဂ်င္ထဲ ၀င္မယ့္ေလ ရဲ႕အပူခ်ိန္ကို အာ႐ုံခံပါတယ္။ေလ က အပူခ်ိန္ေျပာင္းရင္ သိပ္သည္းဆ ပါေျပာင္းပါတယ္။ေအးေနရင္ သိပ္သည္းဆ မ်ားၿပီး ပူရင္ ပြ လာၿပီး သိပ္သည္းဆ နည္းလာပါတယ္။သိပ္သည္းဆ နည္းလာရင္ ထုထည္ပမာဏ လည္း နည္း လာတာေၾကာင့္ ဆီေလအေရာ အခ်ိဳး အေပၚလည္း သက္ေရာက္မႈ ရွိလာပါတယ္။အဲေတာ့ ေလအပူခ်ိန္ကို သိရရင္ ECU က အင္ဂ်င္ထဲ ၀င္လာတဲ့ေလရဲ႕ အေျခအေနကို ၾကည့္ၿပီး ဆီပမာဏ ကို လိုက္ခ်ိန္ညႇိေပးေနလို႔ရပါတယ္။သူကလည္း ေလအပူခ်ိန္အေျပာင္းအလဲကို Voltage အနည္းအမ်ားအေနနဲ႔ ဘာသာျပန္ၿပီး ECU ဆီကို လႊတ္ေပးပါတယ္။ေလေအးေနတဲ့ အခ်ိန္ဆ္ို ဆီကို ပိုေကြၽးရမွာပါ။
Barro Sensor,
Suzuki ကေတာ့ Atmospheric Pressure Sensor လို႔ေခၚပါတယ္။Barrometric Pressure လို႔ေခၚတဲ့ ပတ္၀န္းက်င္ေလထုဖိအားအေျပာင္းအလဲကို အာ႐ုံခံေပးတာပါ။အနိမ့္အျမင့္ေၾကာင့္ပဲ ျဖစ္ျဖစ္ ရာသီဥတုေၾကာင့္ပဲ ျဖစ္ျဖစ္ ပတ္၀န္းက်င္ေလထု ဖိအားအေျပာင္းအလဲ ျဖစ္တဲ့အခါ ECU ကို Voltage Signal ေပးတာေၾကာင့္ ECU က ဆီကို လိုသလို လိုက္ခ်ိန္ေပးႏိုင္ပါတယ္။ဆိုင္ကယ္ရဲ႕ေနာက္ထိုင္ခုံ ေဘးေလာက္ေနရာ ကာဗာ ေအာက္မွာ ရွိတတ္ပါတယ္။ပင္လယ္ေရမ်က္ႏွာျပင္ အညီမွာသာ 14.7mmHg ရွိေပမယ့္ အေပၚျမင့္လာေလ ေလထုကပါးလာေလပဲေလ။ေလအ၀င္နည္းလာရင္ ဆီကိုလည္း ေလွ်ာ့ေပးရေတာ့မွာပါ။အဲဒီတာ၀န္ကို ECU က Barro senser ကေပးပို႔တဲ့ Voltage signal ေပၚမူတည္ၿပီး လိုက္ျဖည့္ေပးပါတယ္။ဒီေနရာမွာ စကားစပ္လို႔ America မွာလည္း Isle of man TT လိုပဲ စံခ်ိန္ယူၿပီး ၿပိဳင္ရတဲ့ ေပေပါင္း ၁၄၀၀၀ ျမင့္ၿပီး အေကြ႕ေပါင္း ၁၅၆ ေကြ႕ရွိတဲ့ Pikes Peak လို႔ေခၚတဲ့ ၿပိဳင္ပြဲ မွာ ၀င္ၿပိဳင္တဲ့ ကာဗ႐ိုက္တာ ဘီးေတြဟာ ေလထုဖိအားနည္းလာတဲ့ အေျခအေနမွာ လိုအပ္တဲ့ ဆီေလအေရာရႏိုင္ဖို႔ အေတာ္ခက္ခက္ခဲခဲ ခ်ိန္ၾကရတာ ေတြ႕ရပါတယ္။EFI ဘီးေတြကေတာ့ ထည့္ စဉ္းစားစရာကို မလိုပါဘူး။ ECU က သူ့ဟာသူ ခ်ိန္ညႇ္ိေပးသြားမွာပါ။DUCATI ရဲ႕ Multistrada ကို နည္းနည္းပါးပါး အဆင့္ျမႇင့္ၿပီး ၀င္ၿပိဳင္တာ ၄ ႏွစ္ဆက္တိုက္အႏိုင္ရလာေတာ့ Multistrada Pikes Peak Edition ဆိုၿပီး နည္းနည္း ပိုေကာင္းတဲ့ ပစၥည္းေတြထည့္ေပးၿပီး ပုံမွန္ထက္ျမင့္တဲ့ ေဈးနဲ႔ ေရာင္းေနပါတယ္။ စကားစပ္လို႔ ဗဟုသုတ ပါ။
ေနာက္တစ္ခုက Manifold Absloute Pressure Sensor(MAP),IAT လိုပါပဲ Air Cleaner ဗူးႀကီးမွာ တပ္ထားတာပါပဲ။အင္ဂ်င္ထဲကို ေလ၀င္တဲ့ Intake port တိုင္းမွာတပ္ထားၿပီး အင္ဂ်င္ရဲ႕ ေလစုပ္ယူမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ေလဟာနယ္ တစ္နည္းအားျဖင့္ Vaccum ပမာဏ ကိုတိုင္းတာၿပီး အနည္းအမ်ားကို Voltage signal အေနနဲ႔ ECU ကို သတင္းပို႔ပါတယ္။
ေနာက္အေရးအႀကီးဆုံး သိထားရမွာ ႏွစ္ခု ရွိပါေသးတယ္။
Ignition Pulse Generator သို႔မဟုတ္
Crankshaft Position Sensor(KPS) လို႔ေခၚတဲ့ sensor ပါ။ေခြးသြားစိတ္ေလးတစ္ခုက က႐ိုင္းရွပ္ေပၚမွာ ရွိၿပီး Pulse generator လို႔ေခၚတဲ့ သံလိုက္တုံးေလးက က႐ိုင္းရွပ္ကာဗာေပၚမွာ ရွိပါတယ္။ေခြးသြားစိတ္ကေလးက တစ္ေနရာမွာ တစ္သြားပဲ့ေနသလို သို႔မဟုတ္ ႏွစ္သြားဆက္ေနသလို တစ္မ်ိဳးမ်ိဳး လုပ္ထားတတ္ပါတယ္။ဒါမွ သံလိုက္တုံးေလးနားကေန အသြားေလးေတြ ျဖတ္သြားတဲ့ အခါ ေလ်ာ့ေနတဲ့ေနရာ သို႔မဟုတ္ ျပည့္ေနတဲ့ ေနရာေရာက္ရင္ ျပတ္ေတာင္းျပတ္ေတာင္း signal ေလးက နည္းနည္းပိုၾကာ သြားမွာပါ။ဒါဆို ECU က တစ္ပတ္ျပည့္ေၾကာင္း သိမွာပါ ။သံလိုက္တုံး ေလးကေန ျပတ္ေတာင္းျပတ္ေတာင္း လွ်ပ္စစ္ အခ်က္ျပေတြ ထုတ္လႊတ္ေပးေနလို႔ Pulse generator လို႔လည္း ေခၚတာပါ။သူ့ဆီက အခ်က္ေပးစနစ္ကေနတဆင့္ အင္ဂ်င္ရဲ႕ အပတ္ေရကို ECU က သိေနတာပါ။အဲဒီ အပတ္ေရ နဲ႔ တျခား Sensor ေတြက ေပးပို႔တဲ့ သတင္းအခ်က္အလက္ေတြကို စုေပါင္းၿပီး လက္ရွိအေျခအေနအတြက္အသင့္ေတာ္ဆုံး ဆီနဲ႔ မီး ကို ECU က ေထာက္ပံ့ပါတယ္။
ေနာက္တစ္ခုက Camshaft Position Sensor သို႔မဟုတ္ Cam Pulse Generator,Cylinder Head ရဲ႕ ေနာက္ပိုင္းမွာ ရွိပါတယ္။သူကေတာ့ ဘယ္အလုံး မီးေပါက္ေနသလဲ ဆိုတာကို Camshaft ရဲ႕ Position ေပၚမူတည္ၿပီး သတင္းပို႔ပါတယ္။အဲဒါကို အေျခခံၿပီး အလွည့္က် ဆီေပးစနစ္ကို ECU က ထိမ္းခ်ဳပ္ပါတယ္။
Bank angle sensor ဒိုင္ခြက္ေရွ႕က ေခါင္းထဲမွာ ရွိပါတယ္။ေထာင္လွ်က္အေနအထားကေန ၆၀ ဒီကရီထက္ပိုေစာင္းခဲ့မယ္ဆို ရင္ ဆီနဲ႔ မီးကို ယာယီ ျဖတ္ေတာက္ေစဖို႔ ECU ကို သတင္းပို႔ပါတယ္။
Vehicle Speed Sensor(VSS) ယာဉ္အရွိန္အာ႐ုံခံ ကိရိယာပါ။ေရွ႕စေပါ႔ကက္ရဲ႕ ကာဗာေအာက္မွာ ရွိပါတယ္။ဆိုင္ကယ္ေျပးေနတဲ့ အရွိန္ကို ECU ဆီကို သတင္းပို႔ပါတယ္။
Oxygen Sensor ,
Exhaust pipe မွာတပ္ထားပါတယ္။Catalytic Converter (ေက်ာက္ဇကာ)ပါတဲ့ေကာင္ေတြဆို ေက်ာက္ဇကာ မတိုင္ခင္တစ္ခု ေက်ာက္ဇကာ အထြက္မွာတစ္ခု တပ္ပါတယ္။Exhaust ေငြ႕ထဲမွာ ပါတဲ့ ေအာက္ဆီဂ်င္သိပ္သည္းဆပမာဏ ကိုတိုင္းေနပါတယ္။O2ပါသင့္တာထက္နည္းေနၿပီဆို ဆီမ်ားတဲ့ အခ်ိဳး ျဖစ္တဲ့ Rich Mixture ျဖစ္ေနၿပီမို႔ဆီ ေပးတာကို ေလွ်ာ့ခ်ေစပါတယ္။O2ပါသင့္တာထက္မ်ားေနၿပီ ဆိုရင္ Lean Mixture ,ဆီနည္းေလမ်ားတဲ့ အခ်ိဳးျဖစ္ေနၿပီ မို႔ ဆီ ကို ပိုေကြၽးေစပါတယ္။
အေျခခံအားျဖင့္ ECU နဲ႔ တြဲၿပီး အလုပ္လုပ္တဲ့ Sensor ေတြကေတာ့ ဒီေလာက္ပါပဲ။Company ေပၚမူတည္ၿပီး အပိုဆာဒါးေလးေတြေတာ့ ရွိတတ္ပါတယ္။ဥပမာ Battery Voltage Sensor,Engine RPM Sensor,Starting Sensor,Acceleration Deceleration Sensor,Over Revolution Sensor စသည္ျဖင့္ေပါ႔ ။အမ်ားစုအတြက္က Crankshaft Sensor ကေပးတဲ့ အခ်က္အလက္နဲ႔တင္ အလုပ္ျဖစ္ပါတယ္။
ECM ထဲမွာ ဆိုင္ကယ္ထုတ္တဲ့ ကုမၸဏီက သူ့ဆိုင္ကယ္အတြက္ သင့္ေတာ္မယ္ထင္တဲ့ ဆီေကြၽးႏႈန္း မီးေပါက္ခ်ိန္ေတြကို အာ႐ုံခံေတြက ေပးတဲ့ သတင္းအခ်က္အလက္ေတြကို စုစည္းၿပီး ဘယ္အေျခအေနမွာ ဘယ္လို ဘယ္ေလာက္ေပးဖို႔ဆိုတာကို ႀကိဳတင္ ပ႐ိုဂရမ္သြင္း ေပးထားပါတယ္။ပုံေဖာ္ၾကည့္မယ္ဆိုရင္ ဂရပ္ တစ္ခုအေနနဲ႔ ျမင္ရမွာမို႔ သူတို႔က Map (ေျမပုံ)လို႔ေခၚပါတယ္။ေပးပို႔လာတဲ့ သတင္းအခ်က္အလက္ေတြကို Map နဲ႔ တိုက္ဆိုင္ စစ္ေဆးၿပီး လိုအပ္သလို စီမံ ခန္႔ခြဲေပးပါတယ္။အဲဒီ မွာလည္း Map က ႏွစ္ခုပါပါတယ္။Operation Map နဲ႔ Back up Map တို႔ ျဖစ္ပါတယ္။Operation Map က ပုံမွန္အလုပ္လုပ္ေနတဲ့ အခ်ိန္မွာ အသုံးျပဳၿပီး Sensor တစ္ခုခုက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္မလုပ္ေတာ့လွ်င္ေသာ္လည္းေကာင္း ပုံမမွန္ေတာ့ရင္ေသာ္လည္းေကာင္း ECU က Back up programmed Map ကို အသုံးျပဳၿပီး ဆိုင္ကယ္ကို ဆက္ေမာင္းလို႔ရေအာင္ လုပ္ေပးထားပါတယ္။အင္ဂ်င္ တုန္႔ျပန္မႈေတြ ဟာ အေကာင္းဆုံး အေနအထားမွာ မဟုတ္ေပမယ့္ ဆိုင္ကယ္ကို အိမ္ျပန္ေရာက္ေအာင္၊ဝပ္ေရွ႕ာ ေရာက္ေလာက္ေအာင္ေတာ့ ကူညီေပးပါလိမ့္မယ္။ဒိုင္ခြက္မွာေတာ့ Check မီး ေသာ္လည္းေကာင္း မီးအနီ (Malfunction Indicator Light,MIL)ေသာ္လည္းေကာင္း လင္းေနပါလိမ့္မယ္။ျပႆနာ အတိမ္အနက္ေပၚမူတည္ၿပီး တစ္ခ်ိဳ႕ အင္ဂ်င္ေတြမွာ ရပ္ၿပီးရင္ ျပႆနာ ရွင္းမၿပီး မခ်င္း ျပန္ႏႈိးလို႔မရေတာ့ပါဘူး။တစ္ခ်ိဳ႕ အင္ဂ်င္ေတြကေတာ့ ထုံေပေပႀကီးနဲ႔ ႏိုးေနၿပီး MIL လင္းေနပါလိမ့္မယ္။Sensor ေတြဟာ လွ်ပ္စစ္ကို အေျခခံၿပီး အလုပ္လုပ္ေနတာမို႔ အရင္ဆုံး လွ်ပ္စစ္ စီးဆင္းမႈေကာင္းမေကာင္း Connection မိ မမိ ကိုေတာ့ အရင္စစ္သင့္ပါတယ္။အရင္တုန္းကေတာ့ ျဖစ္တဲ့ ျပႆနာကို MIL မီးမွိတ္တုပ္ မွိတ္တုပ္ ျဖစ္တဲ့ အႀကိမ္အေရအတြက္ကို မွတ္ထားၿပီး Service Manual မွာ ပါတဲ့ Code နံပါတ္နဲ႔ အေျဖရွာၾကရပါတယ္။၇ ခ်က္ မွိတ္ရင္ Code No 7, အၾကာႀကီးတစ္ခ်က္(၁၀ နဲ႔ညီ) ေနာက္ ၄ ခ်က္ ဆို Code No 14 ကို သြားဖတ္ရမွာပါ။ အခုေနာက္ပိုင္းက် LCD ဒိုင္ခြက္မွာ Code No ကို တစ္ခါထဲ ျပေပးပါတယ္။
ဒါေၾကာင့္ EFI ဘီးေတြမွာ Exhaust Silencer လဲရင္ျဖစ္ျဖစ္၊Turbo Charger တပ္ရင္ပဲ ျဖစ္ျဖစ္ ပ႐ိုဂရမ္ Map ကို ျပန္ျပင္ေပးရပါတယ္။အဲဒါကို Remap လုပ္တယ္လို႔ေခၚပါတယ္။OBD II လို ကိရိယာေတြ လိုလာသလို Software ေတြလည္း လိုလာပါတယ္။တစ္ခ်ိဳ႕က်ေတာ့လည္း စက္႐ုံက ထုတ္တဲ့ ECU ထက္ ပိုေကာင္းေအာင္ ပ႐ိုဂရမ္ဆြဲၿပီး After Market product အေနနဲ႔ ေရာင္းၾကပါတယ္။ေဈးႀကီးသလို ဘီးရဲ႕ စြမ္းေဆာင္ရည္ကလည္း ဘာ ပစၥည္းမွ လဲစရာမလိုပဲ သိသိသာသာေျပာင္းသြားပါတယ္။
ဒါေလာက္ဆို EFI or PGM -FI ဘီးေတြမွာပါတဲ့ Micro Computer ECM ရဲ႕အေၾကာင္းကို အၾကမ္းဖ်ဉ္းေလာက္ေတာ့ သိၾကမယ္ထင္ပါတယ္။
အားလုံးပဲ ဆိုင္ကယ္ဗဟုသုတနဲ႔ ျပည့္စုံၾကပါေစ။
ဆရာတစ္ဦးထံမွ ကူးယူသည္-----------------*