<Unicode>
EFI အကြောင်း ........Sensor တွေ ကောင်းမကောင်း ဘယ်လိုစစ်မလဲ?
၁။ Battery voltage ကိုစစ်ပါ ။ပုံမှန် 12V မှာ ရှိရပါမယ်။
၂။ ဝါယာကြိုးတွေ ဆော့ကဒ် အဆက်တွေ စစ်ပါ။ နှဲ့ကြည့်ပါ။ Loose connection ဖြစ်နေလားစစ်ဆေးပါ။
၃။ Injector ရဲ့ ခုခံမှု(resistance) ကိုစစ်ပါ။ပုံမှန် ၁၂အုမ်းနဲ့ ၁၅အုမ်း ၀န်းကျင်ရှိပါတယ်။ ၃အုမ်းထက်နည်းနေရင်မကောင်းပါဘူး။
၄။ဆီပန့်ရီလေး က ၆၀ အုမ်း အထက်မှာရှိရပါမယ်။
၅။ O2 sensor heater က ၆အုမ်းအထက်မှာ ရှိသင့်ပြီး ပုံမှန် အခန်းအပူချိန်မှာ ၈အုမ်း ၁၂အုမ်း ၀န်းကျင်ရှိရပါမယ်။
၆။34mm throttle steppeer motor က ၄၅အုမ်း ၅၅ အုမ်း အကြားရှိသင့်ပြီး တိုင်းတာပုံကို ပုံ(၁)မှာကြည့်ပါ။
42mm 50mm အတွက် stepper motor ကျတော့ ပုံ ၂ အတိုင်းတိုင်းတာရပါမယ်။ MAP, TPS, O2 , IAT, ECT တွေရဲ့ ခုခံမှုက 1000 ohm အထက်မှာရှိပါတယ်။
ဒီတန်ဖိုးတွေကို အတိအကျသိချင်ရင် စက်ပြင်မှတ်တမ်း စာအုပ်ထားရှိပြီး ကိုယ့်ဆီတစ်ခြားအကြောင်းနဲ့လာတဲ့အချိန် အခွင့်အရေးကြုံရင် တိုင်းတာ မှတ်တမ်းယူထားနိုင်ပါတယ်။
အပိုင်း(၅)
ကျနော် EFI စနစ်ပြောင်းတပ်ဆင်တာ ဗဟုသုတအနေနဲ့ တင်တဲ့ သဘောပဲ ရှိချင်ရှိနေနိုင်ပါတယ်။ စမ်းသပ်ချင်စိတ်ရှိ ဝါသနာပါပြီး ငွေရှိတဲ့ သူတွေအဖို့လိုက်လုပ်ချင်လုပ်နိုင်ပေမဲ့
စျေးနှုန်းကမြင့်တော့ တော်ရုံစမ်းသပ်နိုင်ဖို့ မလွယ်ကူပါဘူး။ EFI Kitက မြန်မာငွေနဲ့ဆို 7 သိန်း ၀န်းကျင်မှာ ရှိပါတယ်။ ကိုယ်တိုင်မတပ်ဆင်နိုင်တောင် အလုပ်လုပ်တဲ့ နေရာမှာ အနည်းငယ်တော့
အထောက်အကူပြုလိမ့်မယ် ထင်ပါတယ်။ ကျနော် ရေးတာ အပေါ်ယံ အနှစ်ချုပ်လေးလောက်ပဲ ရေးတင်ခဲ့တာပါ။
အခုကျတော်တို့ စိတ်ကူးထဲမှာတော့ ကိုယ့် တရုတ်ဘီး အစုတ်လေးကို Carburector စနစ်ကနေ EFI စနစ် ပြောင်းတပ်ခဲ့ပြီးပါပြီ :P :P :P
Initial test နဲ့ နောက်ပိုင်း Diagnostics ကို ပါလာတဲ့ software ခွေနဲ့ လုပ်၇ပါဦးမယ်။
စက်သော့မဖွင့်ခင် ကြိုးအဆက်အသွယ်တွေ မှန်မမှန် အနည်းဆုံး နှစ်ကြိမ်စစ်ပါ။
သော့ဖွင့်ပါ။ သော့ဖွင့်ရုံပါ။ စက္ကန့် ပိုင်းအနည်းငယ် ဆီပန့်လည်တဲ့ အသံကြားရပါလိမ့်မယ်။ မကြားရဘူးဆို wire connection မှားနေပါပြီ။
သော့ပြန်ပိတ်ပါ။ Connection ပြန်စစ်ပါ။ Connection တွေအကုန်မှန်နေလျှက်နဲ့ ဆီပန့် လည်သံမကြားရရင် ECU ပြဿနာရှိနေပါပြီ။( တစ်ခါတစ်ရံအမှားဆိုတာ သုံးစွဲသူအမှား သာမက ထုတ်လုပ်သူ
အမှားလည်းရှိတတ်ပါတယ်။) တကယ်လို့ ဆီပန့် လည်တဲ့ အသံနဲ့ ပြန်ရပ်သံကြားရရင် ဒါက ECU အလုပ်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။
အခုအချိန်မှာ ခင်ဗျား ဆီကန်ထဲကို ဆီထည့်နိုင်ပါပြီ။ ဆီပိုက်လိုင်းထဲမှာ ဆီပြည့်လာစေဖို့နဲ့ လေခိုမှုမရှိအောင် သုံးလေးကြိမ်လောက် သော့အဖွင့်အပိတ်လုပ်ပြီး ဆီပန့် မောင်းပေးပါ။
ဆီပိုက်လိုင်းထဲမှာဆီပြည့်ပြီး လေမခိုနေအောင်ပြုလုပ်ပါ။ တစ်ခါတစ်ရံ ဆီပန့် က ဆီမစုပ်ယူဘဲ အလွတ်(Idle without load) လည်နေတာမျိုးဖြစ်တတ်ပါတယ်။အဲဒီလိုဆို ဆီပန့်လည်တဲ့ အသံဟာ သာမန်
ထက် ကျယ်နေပါလိမ့်မယ်။ ဆီစုပ်ယူမှု မရှိတဲ့ အတွက် စက်မနိုးနိုင်ပါဘူး။
လေခိုနေတယ်လို့ သံသယရှိရင် ဆီပိုက်ကိုဖြုတ်ပြီး ပုလင်းတစ်ခုခုမှာ တေ့ပြီး သော့ဖွင့်ကြည့်ပါ။ဆီပန်းထွက်လာပါလိမ့်မယ်။ ဆီပန့် ဆီစုပ်ယူမှုရှိမရှိ နဲ့ လေခိုမှု မရှိအောင်ပြုလုပ်တာပါ။
Fuel return pipe က ဆီ ကန်ဆီ ဆီပြန်ဆင်းမဆင်း စစ်ဆေးပါ။ ဆီပန့်ပုံမှန်အလုပ်လုပ်နေတာသေချာပြီဆိုမှ Engine စက်နှိုးကြည့်ပါ။
စက်မနိုးလို့ တွေးမပူပါနဲ့။ ဆီလိုင်းထဲမှာ လေခိုနေတာ ရှိရင်အနည်းငယ်နှိုးရခက်ပါလိမ့်မယ်။ ခဏခဏနှိုးကြည့်ပါ။အဖြေက နိုးတယ် မနိုးဘူးမှာ မနိုးဘူးဆို MAP CKP Fuel လိုင်း လေခိုမခိုစစ်ဆေးပါ။
wire connection စစ်ပါ။
နိုးတယ်ဆိုရင် စက်စစနှိုးချင်းမှာ အနှေးလည်နည်းနည်းကြမ်းနေနိုင်ပါတယ်။
laptopမှာ software ကို install လုပ်ပါ။ Laptop နဲ့ ECU ချိတ်ပါ။RPM MAP TPS တွေ လည်နှုန်းအမျိုးမျိုးမှာ အတက်အကျရှိမရှိစစ်ပါ။Diagnostics ECU diagnostic ထဲ၀င်ပြီး Read DTC နှိပ်ပါ။
Fault ပြနေတာတွေကို ပြန်စစ်ပါ။ Working properly ဖြစ်တဲ့ အထိပေါ့။ တကယ်လုပ်ရင် အကုန် အဆင်ပြေပြေနဲ့ ပြီးသွားနိုင်သလို နည်းနည်း အလုပ်ပိုရှုပ်ချင်လည်းရှုပ်နိုင်ပါတယ်။
ကျနော် အကြမ်းဖျင်းလောက်ပဲ မိတ်ဆက်သဘော ပြောတာပါ။မပြည့်စုံပါဘူး။ ဒါပေမဲ့လည်း အတိုင်းအတာတစ်ခုအထိတော့ လုံး၀မသိတာထက်စာရင်နားလည်မယ် ထင်ပါတယ်။
ကျနော် နောက်ထပ် နည်းနည်းနည်းနည်း နဲ့ တင်သွားပါမယ်။
Doctor API ERROR CODE
ကျနော်တစ်ခါပြောဖူးပါတယ်။ ပေးတဲ့ ဗို့အားက 5vမှာ Sensor volt အချက်ပြ ကို 0.5V နဲ့ 4.9V ကြားမှာထားပြီး
0.5V အောက်နဲ့ 4.9V အထက်ကို Diagnostic purpose အတွက်ထားပါတယ်လို့။ Error code တွေဟာ သက်ဆိုင်ရာ sensor အလိုက် less than 0.5v or greater than 4.9V ဆို ထုတ်ပေးပါလိမ့်မယ်။
တကယ်နားလည်သွားရင် မီတာတစ်လုံးနဲ့ sensor အချက်ပြဗို့အားတွေတိုင်းပြီးအပြစ်ရှာနိုင်ပါတယ်။ လေ့လာတယ်ဆိုတဲ့ အခါမှာ ဘာသာစကားအခက်အခဲကြောင့် အတားအဆီးဖြစ်နိုင်ပါတယ်။
အဲဒီတော့လိုအပ်ရင် ထိုင်းစာပါ သင်ယူဖို့ လိုအပ်ပါတယ်။ ကျနော်လည်း လွယ်လွယ်မရပါဘူး ။ ကောကိုင် ခေါ်ခိုင် ပြန်ကြည့်ရတာပဲ။ ခင်ဗျား ထိုင်းစာဖတ်တတ်ရင် EFI အကြောင်း ပိုလေ့လာရလွယ်ပါလိမ့်မယ်။
ကျနော်တင်တာထက်ပိုပြီးသိချင်တယ်ဆိုရင်တော့ ကောကိုင် ခေါ်ခိုင် ခေါ်ခ၀တ် ခေါ်ခွိုင်း သာ ကျက်ပေတော့ဗျ။
1-1 MAP MAP sensor ကဖတ်ရတဲ့ Volt အားတန်ဖိုးက ပုံမှန်ထက် 0.215 V ထက် နည်းနေခြင်း။
ပြစ်ချက်
MAP sensor short circuit ဒါမှမဟုတ် MAP Sensor ပျက်စီး။
1-2 MAP MAP sensor ကဖတ်ရတဲ့ volt အား တန်ဖိုးက ပကတိ အခြေအနေထက် 3.8 V ထက်ပိုများနေခြင်း။
ပြစ်ချက်။
၁။ ကြိုး/ ကြိုးဆက် မကောင်း( ဟောင်းနွမ်း)
၂။ MAP Sensor ပ်က္စီး
2-1 MAP MAP sensor ကဖတ်တဲ့ တန်ဖိုးက အမှန်တန်ဖိုးထက်လျှော့နည်းနေခြင်း
ပြစ်ချက်
Sensor ကြိုးဒါမှမဟုတ်ကြိုးအဆက် ပြဿနာရှိ။
MAP ပ်က္စီး
7-1 ECT/EOT ECT/EOT ကဖတ်တဲ့တန်ဖိုး ပုံမှန် ထက် 0.3v ထက်နည်းနေခြင်း
ပြစ်ချက်
sensor ကြိုး Short circuit ဒါမှမဟုတ် Sensor ပျက်စီး။
7-2 ECT/EOT ECt/EOT ဖတ်တဲ့တန်ဖိုး 4.922 ဗို့ထက်များနေခြင်း။
ပြစ်ချက်
ကြိုး/ ကြိုးဆက် မကောင်း( ဟောင်းနွမ်း)၊ ECT/EOT ပျက်စီး။
8-1 TPS TPs sensor ကဖတ်တဲ့ တန်ဖိုး က0.31 ဗို့ထက်နည်းနေခြင်း။
ပြစ်ချက်
TPS short circuit or ပ်က္စီး
8-2 TPS TPS Sensor ဖတ်တဲ့တန်ဖိုးက 4.95 V ထက်များနေခြင်း။
ပြစ်ချက်
ကြိုး ဟောင်းနွမ်း။ ကြိုးဆက်။TPS sensor ပျက်စီး။
9-1 IAT IAT Sensor ဖတ်တဲ့တန်ဖိုးက 0.078 V ထက်နည်းနေခြင်း။
ပြစ်ချက်
ကြိုး ဟောင်းနွမ်း။ ကြိုးဆက်။IAT sensor ပျက်စီး။
9-2 IAT IAT Sensor ဖတ်တဲ့တန်ဖိုးက 4.922 V ထက်များနေခြင်း။
ပြစ်ချက်
ကြိုး ဟောင်းနွမ်း။ ကြိုးဆက်။IAT sensor ပျက်စီး။
11-1 VS VS sensor ပုံမှန်အလုပ်မလုပ်။
ပြစ်ချက်
ကြိုး ဟောင်းနွမ်း။ ကြိုးဆက်။VS sensor ပျက်စီး။
12-1 N01 Injector အင်ဂျက်တာ No 1 အလုပ်မလုပ်။
ပြစ်ချက်
ကြိုး မကောင်း ဒါမှမဟုတ် Short circuit ဒါမှမဟုတ် inj ပျက်စီး။
13-1 No2 Inj အင်ဂျက်တာ No 2 အလုပ်မလုပ်။
ပြစ်ချက်
ကြိုး မကောင်း ဒါမှမဟုတ် Short circuit ဒါမှမဟုတ် inj ပျက်စီး။
14-1 N03 inj အင်ဂျက်တာ No 3 အလုပ်မလုပ်။
ပြစ်ချက်
ကြိုး မကောင်း ဒါမှမဟုတ် Short circuit ဒါမှမဟုတ် inj ပျက်စီး။
15-1 No4 Inj အင်ဂျက်တာ No 4 အလုပ်မလုပ်။
ပြစ်ချက်
ကြိုး မကောင်း ဒါမှမဟုတ် Short circuit ဒါမှမဟုတ် inj ပျက်စီး။
21-1 O2
23-1 O2 Heater
29-1 IACV
33-1 EEProm
52-1 CKP အလုပ်မလုပ်
54-1 BAS bank angle sensor volt 0.02 ထက်နည်း
54-2 BAS
86-1 ScS Seril communication malfunction
ECU ပ်က္စီး
အတိုကောက် ဝေါဟာရများ
REV Revolution
ECT Engine Coolant temperature sensor
EOT Engine oil temperature sensor
IAT Intake air temperature sensor
MAP Manifold absolute pressure sensor
TPS Throttle position sensor
ADV Ignition advance
O2 Oxygen
BAT Battery voltage
VSS Vehicle speed sensor
ှSTF short term fuel trim
LTF Long term fuel trim
FP Fuel pump
FAN FAN
BAS BANK ANGLE SENSOR
GG GEAR
EVAP EVAPORATIVE EMISSION CONTROL
IAVC INTAKE AIR CONTROL VALVE
STS SWITCH START SYSTEM
SSW SIDE STAND SWITCH
SS STNDARD SYSTEM
SCS SERVICE CHECK SHORT SYSTEM
FID FAST IDLE
MIL MALFUNCTION INDICATOR LAMP..
Credit မူရင်း
<Zawgyi>
EFI အေၾကာင္း ........Sensor ေတြ ေကာင္းမေကာင္း ဘယ္လိုစစ္မလဲ?
၁။ Battery voltage ကိုစစ္ပါ ။ပုံမွန္ 12V မွာ ရွိရပါမယ္။
၂။ ဝါယာႀကိဳးေတြ ေဆာ့ကဒ္ အဆက္ေတြ စစ္ပါ။ ႏွဲ႔ၾကည့္ပါ။ Loose connection ျဖစ္ေနလားစစ္ေဆးပါ။
၃။ Injector ရဲ႕ ခုခံမႈ(resistance) ကိုစစ္ပါ။ပုံမွန္ ၁၂အုမ္းနဲ႔ ၁၅အုမ္း ၀န္းက်င္ရွိပါတယ္။ ၃အုမ္းထက္နည္းေနရင္မေကာင္းပါဘူး။
၄။ဆီပန္႔ရီေလး က ၆၀ အုမ္း အထက္မွာရွိရပါမယ္။
၅။ O2 sensor heater က ၆အုမ္းအထက္မွာ ရွိသင့္ၿပီး ပုံမွန္ အခန္းအပူခ်ိန္မွာ ၈အုမ္း ၁၂အုမ္း ၀န္းက်င္ရွိရပါမယ္။
၆။34mm throttle steppeer motor က ၄၅အုမ္း ၅၅ အုမ္း အၾကားရွိသင့္ၿပီး တိုင္းတာပုံကို ပုံ(၁)မွာၾကည့္ပါ။
42mm 50mm အတြက္ stepper motor က်ေတာ့ ပုံ ၂ အတိုင္းတိုင္းတာရပါမယ္။ MAP, TPS, O2 , IAT, ECT ေတြရဲ႕ ခုခံမႈက 1000 ohm အထက္မွာရွိပါတယ္။
ဒီတန္ဖိုးေတြကို အတိအက်သိခ်င္ရင္ စက္ျပင္မွတ္တမ္း စာအုပ္ထားရွိၿပီး ကိုယ့္ဆီတစ္ျခားအေၾကာင္းနဲ႔လာတဲ့အခ်ိန္ အခြင့္အေရးႀကဳံရင္ တိုင္းတာ မွတ္တမ္းယူထားႏိုင္ပါတယ္။
အပိုင္း(၅)
က်ေနာ္ EFI စနစ္ေျပာင္းတပ္ဆင္တာ ဗဟုသုတအေနနဲ႔ တင္တဲ့ သေဘာပဲ ရွိခ်င္ရွိေနႏိုင္ပါတယ္။ စမ္းသပ္ခ်င္စိတ္ရွိ ဝါသနာပါၿပီး ေငြရွိတဲ့ သူေတြအဖို႔လိုက္လုပ္ခ်င္လုပ္ႏိုင္ေပမဲ့
ေစ်းႏႈန္းကျမင့္ေတာ့ ေတာ္႐ုံစမ္းသပ္ႏိုင္ဖို႔ မလြယ္ကူပါဘူး။ EFI Kitက ျမန္မာေငြနဲ႔ဆို 7 သိန္း ၀န္းက်င္မွာ ရွိပါတယ္။ ကိုယ္တိုင္မတပ္ဆင္ႏိုင္ေတာင္ အလုပ္လုပ္တဲ့ ေနရာမွာ အနည္းငယ္ေတာ့
အေထာက္အကူျပဳလိမ့္မယ္ ထင္ပါတယ္။ က်ေနာ္ ေရးတာ အေပၚယံ အႏွစ္ခ်ဳပ္ေလးေလာက္ပဲ ေရးတင္ခဲ့တာပါ။
အခုက်ေတာ္တို႔ စိတ္ကူးထဲမွာေတာ့ ကိုယ့္ တ႐ုတ္ဘီး အစုတ္ေလးကို Carburector စနစ္ကေန EFI စနစ္ ေျပာင္းတပ္ခဲ့ၿပီးပါၿပီ :P :P :P
Initial test နဲ႔ ေနာက္ပိုင္း Diagnostics ကို ပါလာတဲ့ software ေခြနဲ႔ လုပ္၇ပါဦးမယ္။
စက္ေသာ့မဖြင့္ခင္ ႀကိဳးအဆက္အသြယ္ေတြ မွန္မမွန္ အနည္းဆုံး ႏွစ္ႀကိမ္စစ္ပါ။
ေသာ့ဖြင့္ပါ။ ေသာ့ဖြင့္႐ုံပါ။ စကၠန္႔ ပိုင္းအနည္းငယ္ ဆီပန္႔လည္တဲ့ အသံၾကားရပါလိမ့္မယ္။ မၾကားရဘူးဆို wire connection မွားေနပါၿပီ။
ေသာ့ျပန္ပိတ္ပါ။ Connection ျပန္စစ္ပါ။ Connection ေတြအကုန္မွန္ေနလွ်က္နဲ႔ ဆီပန္႔ လည္သံမၾကားရရင္ ECU ျပႆနာရွိေနပါၿပီ။( တစ္ခါတစ္ရံအမွားဆိုတာ သုံးစြဲသူအမွား သာမက ထုတ္လုပ္သူ
အမွားလည္းရွိတတ္ပါတယ္။) တကယ္လို႔ ဆီပန္႔ လည္တဲ့ အသံနဲ႔ ျပန္ရပ္သံၾကားရရင္ ဒါက ECU အလုပ္လုပ္တယ္ဆိုတဲ့ အဓိပၸါယ္ပါဘဲ။
အခုအခ်ိန္မွာ ခင္ဗ်ား ဆီကန္ထဲကို ဆီထည့္ႏိုင္ပါၿပီ။ ဆီပိုက္လိုင္းထဲမွာ ဆီျပည့္လာေစဖို႔နဲ႔ ေလခိုမႈမရွိေအာင္ သုံးေလးႀကိမ္ေလာက္ ေသာ့အဖြင့္အပိတ္လုပ္ၿပီး ဆီပန္႔ ေမာင္းေပးပါ။
ဆီပိုက္လိုင္းထဲမွာဆီျပည့္ၿပီး ေလမခိုေနေအာင္ျပဳလုပ္ပါ။ တစ္ခါတစ္ရံ ဆီပန္႔ က ဆီမစုပ္ယူဘဲ အလြတ္(Idle without load) လည္ေနတာမ်ိဳးျဖစ္တတ္ပါတယ္။အဲဒီလိုဆို ဆီပန္႔လည္တဲ့ အသံဟာ သာမန္
ထက္ က်ယ္ေနပါလိမ့္မယ္။ ဆီစုပ္ယူမႈ မရွိတဲ့ အတြက္ စက္မႏိုးႏိုင္ပါဘူး။
ေလခိုေနတယ္လို႔ သံသယရွိရင္ ဆီပိုက္ကိုျဖဳတ္ၿပီး ပုလင္းတစ္ခုခုမွာ ေတ့ၿပီး ေသာ့ဖြင့္ၾကည့္ပါ။ဆီပန္းထြက္လာပါလိမ့္မယ္။ ဆီပန္႔ ဆီစုပ္ယူမႈရွိမရွိ နဲ႔ ေလခိုမႈ မရွိေအာင္ျပဳလုပ္တာပါ။
Fuel return pipe က ဆီ ကန္ဆီ ဆီျပန္ဆင္းမဆင္း စစ္ေဆးပါ။ ဆီပန္႔ပုံမွန္အလုပ္လုပ္ေနတာေသခ်ာၿပီဆိုမွ Engine စက္ႏႈိးၾကည့္ပါ။
စက္မႏိုးလို႔ ေတြးမပူပါနဲ႔။ ဆီလိုင္းထဲမွာ ေလခိုေနတာ ရွိရင္အနည္းငယ္ႏႈိးရခက္ပါလိမ့္မယ္။ ခဏခဏႏႈိးၾကည့္ပါ။အေျဖက ႏိုးတယ္ မႏိုးဘူးမွာ မႏိုးဘူးဆို MAP CKP Fuel လိုင္း ေလခိုမခိုစစ္ေဆးပါ။
wire connection စစ္ပါ။
ႏိုးတယ္ဆိုရင္ စက္စစႏႈိးခ်င္းမွာ အေႏွးလည္နည္းနည္းၾကမ္းေနႏိုင္ပါတယ္။
laptopမွာ software ကို install လုပ္ပါ။ Laptop နဲ႔ ECU ခ်ိတ္ပါ။RPM MAP TPS ေတြ လည္ႏႈန္းအမ်ိဳးမ်ိဳးမွာ အတက္အက်ရွိမရွိစစ္ပါ။Diagnostics ECU diagnostic ထဲ၀င္ၿပီး Read DTC ႏွိပ္ပါ။
Fault ျပေနတာေတြကို ျပန္စစ္ပါ။ Working properly ျဖစ္တဲ့ အထိေပါ႔။ တကယ္လုပ္ရင္ အကုန္ အဆင္ေျပေျပနဲ႔ ၿပီးသြားႏိုင္သလို နည္းနည္း အလုပ္ပိုရႈပ္ခ်င္လည္းရႈပ္ႏိုင္ပါတယ္။
က်ေနာ္ အၾကမ္းဖ်င္းေလာက္ပဲ မိတ္ဆက္သေဘာ ေျပာတာပါ။မျပည့္စုံပါဘူး။ ဒါေပမဲ့လည္း အတိုင္းအတာတစ္ခုအထိေတာ့ လုံး၀မသိတာထက္စာရင္နားလည္မယ္ ထင္ပါတယ္။
က်ေနာ္ ေနာက္ထပ္ နည္းနည္းနည္းနည္း နဲ႔ တင္သြားပါမယ္။
Doctor API ERROR CODE
က်ေနာ္တစ္ခါေျပာဖူးပါတယ္။ ေပးတဲ့ ဗို႔အားက 5vမွာ Sensor volt အခ်က္ျပ ကို 0.5V နဲ႔ 4.9V ၾကားမွာထားၿပီး
0.5V ေအာက္နဲ႔ 4.9V အထက္ကို Diagnostic purpose အတြက္ထားပါတယ္လို႔။ Error code ေတြဟာ သက္ဆိုင္ရာ sensor အလိုက္ less than 0.5v or greater than 4.9V ဆို ထုတ္ေပးပါလိမ့္မယ္။
တကယ္နားလည္သြားရင္ မီတာတစ္လုံးနဲ႔ sensor အခ်က္ျပဗို႔အားေတြတိုင္းၿပီးအျပစ္ရွာႏိုင္ပါတယ္။ ေလ့လာတယ္ဆိုတဲ့ အခါမွာ ဘာသာစကားအခက္အခဲေၾကာင့္ အတားအဆီးျဖစ္ႏိုင္ပါတယ္။
အဲဒီေတာ့လိုအပ္ရင္ ထိုင္းစာပါ သင္ယူဖို႔ လိုအပ္ပါတယ္။ က်ေနာ္လည္း လြယ္လြယ္မရပါဘူး ။ ေကာကိုင္ ေခၚခိုင္ ျပန္ၾကည့္ရတာပဲ။ ခင္ဗ်ား ထိုင္းစာဖတ္တတ္ရင္ EFI အေၾကာင္း ပိုေလ့လာရလြယ္ပါလိမ့္မယ္။
က်ေနာ္တင္တာထက္ပိုၿပီးသိခ်င္တယ္ဆိုရင္ေတာ့ ေကာကိုင္ ေခၚခိုင္ ေခၚခ၀တ္ ေခၚခြိဳင္း သာ က်က္ေပေတာ့ဗ်။
1-1 MAP MAP sensor ကဖတ္ရတဲ့ Volt အားတန္ဖိုးက ပုံမွန္ထက္ 0.215 V ထက္ နည္းေနျခင္း။
ျပစ္ခ်က္
MAP sensor short circuit ဒါမွမဟုတ္ MAP Sensor ပ်က္စီး။
1-2 MAP MAP sensor ကဖတ္ရတဲ့ volt အား တန္ဖိုးက ပကတိ အေျခအေနထက္ 3.8 V ထက္ပိုမ်ားေနျခင္း။
ျပစ္ခ်က္။
၁။ ႀကိဳး/ ႀကိဳးဆက္ မေကာင္း( ေဟာင္းႏြမ္း)
၂။ MAP Sensor ပ္ကၥီး
2-1 MAP MAP sensor ကဖတ္တဲ့ တန္ဖိုးက အမွန္တန္ဖိုးထက္ေလွ်ာ့နည္းေနျခင္း
ျပစ္ခ်က္
Sensor ႀကိဳးဒါမွမဟုတ္ႀကိဳးအဆက္ ျပႆနာရွိ။
MAP ပ္ကၥီး
7-1 ECT/EOT ECT/EOT ကဖတ္တဲ့တန္ဖိုး ပုံမွန္ ထက္ 0.3v ထက္နည္းေနျခင္း
ျပစ္ခ်က္
sensor ႀကိဳး Short circuit ဒါမွမဟုတ္ Sensor ပ်က္စီး။
7-2 ECT/EOT ECt/EOT ဖတ္တဲ့တန္ဖိုး 4.922 ဗို႔ထက္မ်ားေနျခင္း။
ျပစ္ခ်က္
ႀကိဳး/ ႀကိဳးဆက္ မေကာင္း( ေဟာင္းႏြမ္း)၊ ECT/EOT ပ်က္စီး။
8-1 TPS TPs sensor ကဖတ္တဲ့ တန္ဖိုး က0.31 ဗို႔ထက္နည္းေနျခင္း။
ျပစ္ခ်က္
TPS short circuit or ပ္ကၥီး
8-2 TPS TPS Sensor ဖတ္တဲ့တန္ဖိုးက 4.95 V ထက္မ်ားေနျခင္း။
ျပစ္ခ်က္
ႀကိဳး ေဟာင္းႏြမ္း။ ႀကိဳးဆက္။TPS sensor ပ်က္စီး။
9-1 IAT IAT Sensor ဖတ္တဲ့တန္ဖိုးက 0.078 V ထက္နည္းေနျခင္း။
ျပစ္ခ်က္
ႀကိဳး ေဟာင္းႏြမ္း။ ႀကိဳးဆက္။IAT sensor ပ်က္စီး။
9-2 IAT IAT Sensor ဖတ္တဲ့တန္ဖိုးက 4.922 V ထက္မ်ားေနျခင္း။
ျပစ္ခ်က္
ႀကိဳး ေဟာင္းႏြမ္း။ ႀကိဳးဆက္။IAT sensor ပ်က္စီး။
11-1 VS VS sensor ပုံမွန္အလုပ္မလုပ္။
ျပစ္ခ်က္
ႀကိဳး ေဟာင္းႏြမ္း။ ႀကိဳးဆက္။VS sensor ပ်က္စီး။
12-1 N01 Injector အင္ဂ်က္တာ No 1 အလုပ္မလုပ္။
ျပစ္ခ်က္
ႀကိဳး မေကာင္း ဒါမွမဟုတ္ Short circuit ဒါမွမဟုတ္ inj ပ်က္စီး။
13-1 No2 Inj အင္ဂ်က္တာ No 2 အလုပ္မလုပ္။
ျပစ္ခ်က္
ႀကိဳး မေကာင္း ဒါမွမဟုတ္ Short circuit ဒါမွမဟုတ္ inj ပ်က္စီး။
14-1 N03 inj အင္ဂ်က္တာ No 3 အလုပ္မလုပ္။
ျပစ္ခ်က္
ႀကိဳး မေကာင္း ဒါမွမဟုတ္ Short circuit ဒါမွမဟုတ္ inj ပ်က္စီး။
15-1 No4 Inj အင္ဂ်က္တာ No 4 အလုပ္မလုပ္။
ျပစ္ခ်က္
ႀကိဳး မေကာင္း ဒါမွမဟုတ္ Short circuit ဒါမွမဟုတ္ inj ပ်က္စီး။
21-1 O2
23-1 O2 Heater
29-1 IACV
33-1 EEProm
52-1 CKP အလုပ္မလုပ္
54-1 BAS bank angle sensor volt 0.02 ထက္နည္း
54-2 BAS
86-1 ScS Seril communication malfunction
ECU ပ္ကၥီး
အတိုေကာက္ ေဝါဟာရမ်ား
REV Revolution
ECT Engine Coolant temperature sensor
EOT Engine oil temperature sensor
IAT Intake air temperature sensor
MAP Manifold absolute pressure sensor
TPS Throttle position sensor
ADV Ignition advance
O2 Oxygen
BAT Battery voltage
VSS Vehicle speed sensor
ှSTF short term fuel trim
LTF Long term fuel trim
FP Fuel pump
FAN FAN
BAS BANK ANGLE SENSOR
GG GEAR
EVAP EVAPORATIVE EMISSION CONTROL
IAVC INTAKE AIR CONTROL VALVE
STS SWITCH START SYSTEM
SSW SIDE STAND SWITCH
SS STNDARD SYSTEM
SCS SERVICE CHECK SHORT SYSTEM
FID FAST IDLE
MIL MALFUNCTION INDICATOR LAMP..
Credit မူရင္း