<Unicode>
Efiဘီးများနှင့်ပတ်သက်လို့ဝါယာရိန်းပိုင်းဖြစ်တဲ့Logic ground နှင့်Power groundလွတ်ခြင်းရဲ့ဖြစ်တတ်တဲ့ပြသနာတွေကိုရှင်းပြဖို့ ယနေ့ အကြောင်းလုပ်ငန်းခွင်အတွေ့အကြုံမျှဝေလိုက်ပါတယ်။ကြုံဖူးတဲ့သူရောမကြုံဖူးသူတွေပါပညာရရှိနိုင်ကြစေရန် အပြုသဘောဆောင်လို့ဝေမျှပေးလိုက်ပါတယ်။
လွန်ခဲ့သောသုံးရက်လောက်ကကျနော့ဆီကိုမကွေးတိုင်းမြိုင်မြို့နယ်ထဲကတပည့်တစ်ယောက်ဖုန်းဆက်မေးလာတယ်။ဆရာScoopyဆိုင်ကယ်တစ်စီးကသော့ဖွင့်လိုက်တာနဲ့ စီကနယ်စုံမီးတွေမိတ်လိုက်ဖွင့်လိုက်နဲ့စုံမီးကတ်တောက်ထည့်ထားသလိုမျိုးပြနေတယ်ဆရာ ဆိုင်ကယ်ကလဲနိုးရတာအရမ်းခက်တယ် စတတ်လဲမရဘူးတဲ့ ကျနော်ဘာဆက်လုပ်ရမှန်းမသိလို့ဆက်လိုက်တာဆရာတဲ့ ကစ်နဲ့စက်နှိုးရင်တော့နိုးတယ် ဒါပေမယ့်စက်သံမမှန်ဘူးတဲ့ ချက်မီးလဲပြစ်ချက်မပြဘူး ဘာလုပ်ရမှန်းမသိလို့ ဆရာ့ဆီဖုန်းလှမ်းဆက်လိုက်တာပါဆိုပြီးဆက်လာတယ်။ကျနော်သူ့ကိုမေးခွန်းတွေမေးလိုက်တယ် ဘက္ထရီအိုးကောင်းရဲ့လားအားရှိရဲ့လားဆိုတော့ ခုတင်ကျနော်အိုးအသစ်ထည့်စမ်းထားတာဆရာမရဘူးတဲ့ ဒါဆိုရင်ဘရိတ်မဆွဲဘဲစတတ်ခလုတ်နိပ်ကြည့်ရင်မော်တာလည်သလားလို့မေးတော့လည်တယ်ဆရာဒါပေမယ့်ဒိုင်ခွက်မီးတွေမိတ်တုတ်မိတ်တုတ်နဲ့မိန်းရီလေးကလဲတောက်တောက်တောက်အသံမရပ်မနားမြည်နေတယ်တဲ့
ကျနော်သူ့ကိုနောက်တစ်ခုမေးလိုက်တယ်အဲ့ဆိုင်ကယ်မှာစုံမီးကတ်တောက်ဘူးတပ်ဆင်ထားခြင်းရှိမရှိမေးလိုက်တော့မရှိဘူးဆရာကျနော်ရှာပြီးပြီတဲ့ ကောင်းပြီကျနော်မေးရခြင်းကစုံမီးဘူးတပ်ထားလို့ဘရိတ်ဆွိကလဲကပ်နေလို့စုံလင်းနေတာလား groundလွတ်လို့ဖြစ်တာလားဝေခွဲခြင်တာ ကြောင့်အဲ့ဒီမေးခွန်းတွေကိုမေးရခြင်းဖြစ်တယ် ကျနော်သိခြင်တာတွေမေးပြီးတဲ့နောက်ချက်ချင်းကျနော်ပြန်ဖြေလိုက်တယ် တပည့်ရေဒါဆိုရင်groundလွတ်တာကွ အပ်ချထားတဲ့ကြိုးအစုံနေရာကိုစစ်လိုက်လို့ပြောလိုက်တော့ သူလိုက်စစ်ရင်းအဖြေတွေ့သွားတယ် အပ်ချထားတဲ့ကြိုးတွေကိုကြွက်ကိုက်ပြီး ထိလိုက်မထိလိုက်ဖြစ်နေတဲ့ပြသနာလေးသွားတွေ့လို့ လွယ်ကူစွာဘဲပြင် နိုင်သွားတယ်။ဒီပြသနာဟာ ဝါယာရိန်းကိုကျွမ်းကြင်ပိုင်နိုင်မှုမရှိရင်အတွေ့အကြုံနည်းရင်အင်မတန်မှခေါင်းစားရမယ့်ပြသနာတစ်ခုပါ။ယခုပြစ်ချက်လေးကိုလေ့လာဖတ်ရှု့ရင်း ပညာရရှိနိုင်ကြပါစေ။ဆရာစွမ်းနိုင်စက်မှုအီလက်ထရောနစ်အင်/ယာ Efiဆိုင်ကယ်စက်ပြင်နှင့်ဝါယာရိန်းသင်တန်းကျောင်း
မကွေးတိုင်း ဆင်ဖြူကျွန်းမြို့ ၀၉၄၃၀၁၀၀၇၉/၀၉၉၆၁၅၁၂၀၇၆/၀၉၇၇၇၈၇၄၃၇၉
<Zawgyi>
Efiဘီးမ်ားႏွင့္ပတ္သက္လို႔ဝါယာရိန္းပိုင္းျဖစ္တဲ့Logic ground ႏွင့္Power groundလြတ္ျခင္းရဲ႕ျဖစ္တတ္တဲ့ျပသနာေတြကိုရွင္းျပဖို႔ ယေန႔ အေၾကာင္းလုပ္ငန္းခြင္အေတြ႕အႀကဳံမွ်ေဝလိုက္ပါတယ္။ႀကဳံဖူးတဲ့သူေရာမႀကဳံဖူးသူေတြပါပညာရရွိႏိုင္ၾကေစရန္ အျပဳသေဘာေဆာင္လို႔ေဝမွ်ေပးလိုက္ပါတယ္။
လြန္ခဲ့ေသာသုံးရက္ေလာက္ကက်ေနာ႔ဆီကိုမေကြးတိုင္းၿမိဳင္ၿမိဳ႕နယ္ထဲကတပည့္တစ္ေယာက္ဖုန္းဆက္ေမးလာတယ္။ဆရာScoopyဆိုင္ကယ္တစ္စီးကေသာ့ဖြင့္လိုက္တာနဲ႔ စီကနယ္စုံမီးေတြမိတ္လိုက္ဖြင့္လိုက္နဲ႔စုံမီးကတ္ေတာက္ထည့္ထားသလိုမ်ိဳးျပေနတယ္ဆရာ ဆိုင္ကယ္ကလဲႏိုးရတာအရမ္းခက္တယ္ စတတ္လဲမရဘူးတဲ့ က်ေနာ္ဘာဆက္လုပ္ရမွန္းမသိလို႔ဆက္လိုက္တာဆရာတဲ့ ကစ္နဲ႔စက္ႏႈိးရင္ေတာ့ႏိုးတယ္ ဒါေပမယ့္စက္သံမမွန္ဘူးတဲ့ ခ်က္မီးလဲျပစ္ခ်က္မျပဘူး ဘာလုပ္ရမွန္းမသိလို႔ ဆရာ့ဆီဖုန္းလွမ္းဆက္လိုက္တာပါဆိုၿပီးဆက္လာတယ္။က်ေနာ္သူ့ကိုေမးခြန္းေတြေမးလိုက္တယ္ ဘကၳရီအိုးေကာင္းရဲ႕လားအားရွိရဲ႕လားဆိုေတာ့ ခုတင္က်ေနာ္အိုးအသစ္ထည့္စမ္းထားတာဆရာမရဘူးတဲ့ ဒါဆိုရင္ဘရိတ္မဆြဲဘဲစတတ္ခလုတ္နိပ္ၾကည့္ရင္ေမာ္တာလည္သလားလို႔ေမးေတာ့လည္တယ္ဆရာဒါေပမယ့္ဒိုင္ခြက္မီးေတြမိတ္တုတ္မိတ္တုတ္နဲ႔မိန္းရီေလးကလဲေတာက္ေတာက္ေတာက္အသံမရပ္မနားျမည္ေနတယ္တဲ့
က်ေနာ္သူ့ကိုေနာက္တစ္ခုေမးလိုက္တယ္အဲ့ဆိုင္ကယ္မွာစုံမီးကတ္ေတာက္ဘူးတပ္ဆင္ထားျခင္းရွိမရွိေမးလိုက္ေတာ့မရွိဘူးဆရာက်ေနာ္ရွာၿပီးၿပီတဲ့ ေကာင္းၿပီက်ေနာ္ေမးရျခင္းကစုံမီးဘူးတပ္ထားလို႔ဘရိတ္ဆြိကလဲကပ္ေနလို႔စုံလင္းေနတာလား groundလြတ္လို႔ျဖစ္တာလားေဝခြဲျခင္တာ ေၾကာင့္အဲ့ဒီေမးခြန္းေတြကိုေမးရျခင္းျဖစ္တယ္ က်ေနာ္သိျခင္တာေတြေမးၿပီးတဲ့ေနာက္ခ်က္ခ်င္းက်ေနာ္ျပန္ေျဖလိုက္တယ္ တပည့္ေရဒါဆိုရင္groundလြတ္တာကြ အပ္ခ်ထားတဲ့ႀကိဳးအစုံေနရာကိုစစ္လိုက္လို႔ေျပာလိုက္ေတာ့ သူလိုက္စစ္ရင္းအေျဖေတြ႕သြားတယ္ အပ္ခ်ထားတဲ့ႀကိဳးေတြကိုႂကြက္ကိုက္ၿပီး ထိလိုက္မထိလိုက္ျဖစ္ေနတဲ့ျပသနာေလးသြားေတြ႕လို႔ လြယ္ကူစြာဘဲျပင္ ႏိုင္သြားတယ္။ဒီျပသနာဟာ ဝါယာရိန္းကိုကြၽမ္းၾကင္ပိုင္ႏိုင္မႈမရွိရင္အေတြ႕အႀကဳံနည္းရင္အင္မတန္မွေခါင္းစားရမယ့္ျပသနာတစ္ခုပါ။ယခုျပစ္ခ်က္ေလးကိုေလ့လာဖတ္ရႈ့ရင္း ပညာရရွိႏိုင္ၾကပါေစ။ဆရာစြမ္းႏိုင္စက္မႈအီလက္ထေရာနစ္အင္/ယာ Efiဆိုင္ကယ္စက္ျပင္ႏွင့္ဝါယာရိန္းသင္တန္းေက်ာင္း
မေကြးတိုင္း ဆင္ျဖဴကြၽန္းၿမိဳ႕ ၀၉၄၃၀၁၀၀၇၉/၀၉၉၆၁၅၁၂၀၇၆/၀၉၇၇၇၈၇၄၃၇၉