<Unicode>
Honda PCX အကြောင်း သို့မဟုတ် Midsize Scooter King
_________________________________________
Honda Motor Company မှ PCX အမျိုးအစား မော်တော် ဆိုင်ကယ်ကို 2009 ခုနှစ်မှ စတင်ပြီး ယခု အချိန် 2020 အထိ Generation ခွဲ၍ ဆက်လက် ထုတ်လုပ်နေပါတယ် 2009 မှ 2013 ထိ Thailand မှာ အဓိကထား တပ်ဆင်ထုတ်လုပ်ပြီး 2014 မှာ Vietnam 2018 မှာ Indonesia နိုင်ငံ တို့မှာပါ တိုးချဲ့ ထုတ်လုပ် လာပါတယ် 2009 ခုနှစ်မှာ 125 CC တစ်မျိုးထဲ ကို ထုတ်လုပ်ပြီး စျေးကွက် အနေနဲ့ European Market ကို အဓိက ထား ဖြန့်ချီပြီး 2011 ခုနှစ် ရောက်မှ Asian အချို့ နိုင်ငံတွေနဲ့ Europe ကို ခွဲ ဝေ ရောင်းချပါတယ် 2012 နှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ ကို စတင်ပါတယ် အင်ဂျင်ပါဝါ ပိုင်းကို 125CC မှ 150CC သို့ ပြောင်းလဲ ခြင်းနှင့် အချိုး နည်း ပညာပိုင်း အဆင်မြှင့်တင်ခြင်း တွေပါ 2011 မှ 2013 အထိကို ပထမ မျိုးစက်လို့ သက်မှတ် ထားပါတယ် 2011 ရှေ့ပိုင်း မော်ဒယ်နဲ့ ဒီဇိုင်းပိုင်းလေး အနည်းငယ်လဲ ပြောင်လဲ လာပါတယ် ဒါပေမဲ့ 2014 ခုနှစ်မှာတော့ ထုတ်လုပ် တပ်ဆင်ခြင်း မပြုလုပ်ပဲ အရင် နှစ် ရဲ့ ထုတ်ကုန် ကိုပဲ ဆက်လက် ရောင်းချပါတယ် 2015 ခုနှစ်မှာတော့ ဒုတိယ မျိုးဆက် အနေနဲ့ ပြန်လည် ထုတ်လုပ် ရောင်းချလာပြီး အဓိက အနေနဲ့ ဆိုင်ကယ်ရဲ့ ဘော်ဒီပိုင်း ကို အရင် မျိုးဆက် အတိုင်း ဆက်လက် အသုံးပြုပြီး အနည်းငယ် ပြောင်းလဲ မှု့တွေနဲ့ အတူ ပြန်လည် ပွဲ ထွက် လာပါတယ် ဒီဒုတိယ မျိုးဆက်ကိုတော့ Canada နဲ့ USAနိုင်ငံ တို့ကို ပါ တင်ပို ရောင်းချလာပါတယ် 2015 မှ 2018 အထိက ဒုတိယ မျိုး ဆက်အနေနဲ့ ကျွန်တော် တို့ နိုင်ငံ မှာလဲ အများအပြား တွေ့နေရတဲ့ မော်ဒယ်တွေပါ
PCX ဆိုင်ကယ်မှာ နည်းပညာ စမ်းသပ်မှု့တွေ ပြောင်းလဲ မှု့တွေ အများအပြားတွေ့ရပါတယ် ခင်ဗျ
တတိယ မျိုးဆက်ကိုတော့ 2019 မှာ ပွဲထုတ်ပြီး USA အတွက် သီးသန်းအနေနဲ့ ဘောဒီ ဖရိန် အသစ် အင်ဂျင် ပါဖောင်းမန့် အသစ် LED မီး ABS System Suspenssion System စတဲ့ သီးခြား ထုတ်လုပ်မှု့တွေ အတူ တင်ပို့ ရောင်းချ ခဲ့ပါတယ် ရှေ့မှာ ပြောခဲ့သလို ဒုတိယ မျိုးဆက်မှာ Honda Motor ရဲ့ နည်းပညာစမ်းသပ်မှု့ အများဆုံး လုပ်တဲ့ ဒီဆိုင်ကယ်မှာ ESP( Enhanced Smart Power ) Design, LED Headlights, LED display စတာတွေကို မိတ်ဆက် အသုံးပြု လာပါတယ် ဒီလောက်ဆိုရင်တော့ PCX ရဲအဆင့်ဆင့် ပြောင်းလဲ လာပုံကို သိရှိနားလည် လောက်ပြီ လို့ ယူဆပါတယ် ခင်ဗျ
Engine အကြောင်း
PCX ဟာ Mid size Scooter အမျိုးအစား ဖြစ်ပြီး Body နေရာ ပိုကျယ်တဲ့ အတွက် နည်းပညာ စမ်းသပ် တပ်ဆင်ဖို့ အခွင့်အရေး ကောင်းတစ်ခု ဖြစ်ခဲ့တာနဲ့ အညီ 150CC အရွယ်အစား Liquid Cooled Engine ကို သူနဲ့ စတင် ခဲ့ပါတယ် အင်ဂျင်ပါဝါ ကို 2011 မှ 2013 ထိ 153CC အဖြစ် ထုတ်လုပ်ပြီး 2015 နောက်ပိုင်းကိုတော့ 149CC အဖြစ် ပြောင်းလဲ လိုက်ပါတယ် ဒီပြောင်းလဲမှု့ရဲ့ နောက်မှာ သတိထားရမှာက သူ့ရဲ့ SOHC , 2-Valve ဆိုတာကိုပါ ပုံမှန်အတိုင်း Honda Engine အတော် များများက DOHC, 4-Valve တွေပါ ဒါက ထူးခြားချက်ပါ နောက်တစ်ခု အနေနဲ့ VTEC mechanism နည်းပညာ ကို အသုံးပြု ထားပါတယ် ဒီနည်းပညာ တွေဟာ အရင် တုန်းကတော့ 400CC အင်ဂျင်ပါဝါ ဘီးတွေ မှာသာ တွေ့ရတာပါ (ဥပမာ CB-400) သူက အရင်လို One cam Shaft, One rocker arm မဟုတ်တော့ပဲ Two different cam shaft, Two differnt rocker arms ဖြစ်သွားတဲ့အတွက် Engine RPM high speed မှာ ပါဝါ အတက် အဆင်း ရုတ်ခြည်း ပြောင်းလဲ နိုင်ပြီး Engine Vibration ကိုလဲ လျှော့ ကျစေပါတယ် အခြား 150 တွေလို ဘားအတံ က တစ်ချောင်းထဲ မဟုတ်ပဲ နှစ်ချောင်းပါ Two Different Arms ဆိုတာ ဒီနေရာမှာ support လုပ်ထားတာပါ နောက်တစ်ခု အနေနဲ့ တိုင်ပင် ချိန်းကို ဆီဖြန်း စနစ် တိုင်ပင်ချိန်း ဘိ ခေါ် Tansioner Lifter စတာတွေကို လဲ အဆင့်မြှင့်တင် ထားပါသေးတယ် ရေတိုင်ကီ ရေလဲ လှည်ခြင်း ကိုလဲ Thermostat ခံ၍ အလိုလျှောက် လိုအပ်မှ ရေလဲလှည်ခြင်းဖြင့် ဆီ စားနှုန်းကို ထိန်းချုပ် ထားပါတယ် Air Cleaner ကလဲ အင်ဂျင် တစ်လုံးမှာ အဓိကကျ အရေးကြီးပါတယ် သိကြတဲ့ အတိုင်း ကြီးမားတဲ့ Air Cleaner ကို Velt Line ရဲ့ အပေါ်မှာ တွေ့ရပါမယ် သူဟာ အခန်း နှစ်ခန်းနဲ့ ဖွဲ့စည်း ထားပြီး နှစ်ခန်းရဲ့ ကြားမှာ Filter ကို ထားရှိပြီး လေကို တိုက်ရိုက် ရှုသွင်းမှု့ စနစ် မဟုတ်ပဲ သိုလှောင် သိမ်းစည်း ပြီးမှ ရှုသွင်းတဲ့ စနစ်ကို အသုံး ပြု ထားတာပါ ဒါကလဲ အင်ဂျင်ရဲ့ လေ သန့်ရရှိမှု့ကို အပြည့် အဝ ထောက်ပံ့ နေနိုင်မှာပါ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ page အနေနဲ့ လမ်းကြမ်း ဖုန်ထူတဲ့ နေရာတွေကို Auto ဘီး စီးဖို့ recommand မပေးရခြင်း အကြောင်းပါ Air Cleaner တည်နေရာ နိမ့်တဲ့ အတွက် ဖုန်ထူတဲ့ နေရာ အတွက် အဆင် မပြေနိုင်ပါဘူး Honda ရဲ့ နောက်ဆုံး တစ်ခုကတော့ Honda ရဲ့ လျို့ဝှက်ချက် Exhaust System ကို သူ့ရဲ့ ESP Technology ကို အပြည့် အဝ အသုံးချ ထားတဲ့ နေရာပါ အတွင်းမှာ ကျစ်လစ်မှု့ အပြည်အဝ ထားရှိထားခြင်းအပြင် လေကို တိုက်ရိုက် ထုတ်လွှတ်ခြင်းမဟုတ်ပဲ အဆင့်ဆင့် filter များဖြင့် ပြုလုပ် ထားတာပါ ရှင်းလင်းအောင် အောက်မှာ ပုံ ပြပေး ပါမယ် ခင်ဗျ Honda ဟာ နည်း ပညာပိုင်း အရမ်းကို လျှို့ဝှက် ပါတယ် ဒီလောက်ဆိုရင်တော့ Honda PCX 150 Engine ရဲ့ နည်းပညာ အနည်းငယ်ကို မြင့်တွေ့မယ်လို့ မျှော်လင့်ပါတယ်
Breaking အကြောင်း
ABS (Automatic Braking System)
သူကတော့ Honda Auto ဘီး အများစုမှာ ပါဝင်နေကြ ဖြစ်တဲ့ System ပါ Break နှစ်ခု လုံး ကို ညှစ် စရာမလိုပဲ တစ်ဘက်ကို ညှစ် ရုံနဲ့ နောက်တစ်ဘက်ပါ အလိုလျှောက် ညှစ်ပြီသားပါ Auto ဘီးစီးနေကြ မဟုတ်တဲ့ သူတွေ အတွက် ရုတ်တရက် ရှေ့ ဘရိတ် တစ်မျိုးထဲ သုံးမိတဲ့ အခါမျိုးမှာ အန္တရာယ် မဖြစ်အောင် ကာကွယ် ထားတဲ့ သဘောပါ ခင်ဗျ ဒါကလဲ Safety ပိုင်းကို အထိုက်အလျှောက် အထောက် အကူပြုပါတယ်
ABS (Anti-Lock Braking System or Anti-Skid Braking System)
ဒါကတော့ Safety ဖြစ်ဖို့ အထူးပြု ထားတဲ့ Breking System ပါ သဘောတရားကို အနည်းငယ် ပြောပြပါ့မယ် ယဉ်မောင်း သူအနေနဲ့ ဆိုင်ကယ် ကို ရပ်ချင်၍ Break ကို အသုံးပြုတဲ့အခါ ဘီးကို အမြဲ ရပ်မသွားစေပဲ ရပ်လိုက် လွှတ်ပေးလိုက် ဒီသဘောမျိုးနဲ့ ရှေ့ဘီးကို စလစ်ဖြစ်ပြီး လဲ မသွားအောက် အလျို လျှောက် လုပ်ပေးတာပါ ABS system ပါတဲ့ ဘီးက စျေးနှုန်းပိုကြီးပါတယ် စျေးပိုပေးရခြင်းနဲ့ ထက်တူ တစ်ကယ်ပဲ Safety အတွက် ကောင်းမွန်တဲ့ Braking System ပါ ခင်ဗျ
CBS ( Combined Braking System )
Combined ဆိုတဲ့ အတိုင်း အကြမ်းဖျင်း အားဖြင့် ရှေ့နောက် Break နှစ်ခု ကို ပေါင်း ထားတယ် လို့ သဘောထား နိုင်ပါတယ် ဆိုလို ချင်တာက Break နှစ်ခု ကို ဆက်သွယ် ထားခြင်းပါ ဘယ်ဘက် break lever မှာ Equilizer တစ်ခု တပ်ဆင် ထားရုံပါပဲ ဒီတော့ Break တစ်ခု ကို အသုံးပြု လိုက်တာနဲ့ တစ်ပြိုက်နက် နောက်တစ်ခုကပါ အတူတူ လိုက်ပါ လုပ်ဆောင်ပါတယ် ဒီနည်းပညာက Honda ဆိုင်ကယ်တွေမှာသာ တွေ့ရမှာဖြစ်ပါတယ် CBS ဟာ ရှေ့မှာ ပြောခဲ့တဲ့ ABS (Automatic Breaking System) ကို အဆင်မြှင့်တင် ထားခြင်းပါ ခင်ဗျ
ဒီတော့ ABS နဲ့ CBS ဘယ်ဟာ ပိုကောင်းသလဲ
CBS
ဒီမေးခွန်းအတွက် သီးခြားကြီး ဖြေစရာ မလိုပါဘူး ဘာဖြစ်လို့လဲ ဆိုရင် CBS system က နှစ်ဘီးတက် ယဉ်တွေမှာပဲ အသုံးပြု နိုင်ပါတယ် ကုန်ကျ စရိတ် သက်သာပါတယ် Analog System ပါ Honda ရဲ့ မူပိုင် နည်းပညာပါ
ABS
သူကတော့ ဆိုင်ကယ် ကား နှစ်မျိုး စလုံးမှာ တပ်ဆင် အသုံးပြု နိုင်ပြီး ကုန်ကျစရိတ် ကြီးမားပါတယ် Electronic Component တွေနဲ့ ချိတ်ဆက် အသုံးပြု ရတာပါ Fully Electronic Control ဖြစ်ပြီး လက်ရှိ အချိန် အထိ အကောင်းဆုံး နည်းပညာ အနေနဲ့ အသုံးပြုနေဆဲပါ ရှင်းရှင်း ပြောရမယ် ဆိုရင် CBS က အင်ဂျင်ပါဝါ သေးတဲ့ ဘီးတွေ အတွက် အသုံးပြု ဖို့ သင့်တော်သော နည်းပညာ ဖြစ်ပြီး ABS ကတော့ အင်ဂျင်ပါဝါ များတဲ့ ဘီးတွေ အတွက် အသုံးပြု တဲ့ System ဟု နားလည် နိုင်ပါတယ် ခင်ဗျ
Idling System
Idle လိုလဲ ခေါ်ပြီး အဓိက ကတော့ သဘာဝ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှု့ လျှော့ချရေးအတွက် မလိုအပ်တဲ့ အချိန်တွေမှာ အင်ဂျင်ကို အလိုလျှောက် ရပ်တန့်စေသော ရည်ရွယ်ချက်ပါ
အကြမ်းဖျဉ်း အားဖြင့် ပြောရမယ် ဆိုရင် ECU ( Engine Control Unit ) မှ အပြည့် အဝ ထိန်းချုပ် ပြီး အလုပ်လုပ်တဲ့ စနစ်ပါ Fuel Injection, LED lighting system, ACG motor စတာတွေကို ထိန်းချုပ်ပါတယ် Idle အလုပ်လုပ်ဖို့အတွက် Idling Switch ကို On ထားရမယ် ရေရဲ့ အပူချိန်က 60 Degree နှင့် အထက်ရှိရမယ် ဘီးနှစ်ဘီးလုံးရပ်ပြီး ( 0 )ကီလို ဖြစ်နေရမယ် ဒီအချိန်ဆိုရင် သူ အလုပ်လုပ်ပါတယ် ခင်ဗျ အပြည့်အစုံ အလုပ်လုပ်ပုံကိုတော့ စာရှည်မှာ စိုးတဲ့အတွက် ပို့ တစ်ခု သက်သက် ရေးပေးပါ့မယ် ခင်ဗျ
Starter Motor
(ACG)-Alternating Current Generator
ဒီနည်းပညာကို Honda Company က စတင် တွေ့ရှိအသုံးပြုခြင်း ဖြစ်ပြီး Honda Scooter 125,150 ဆိုင်ကယ်တွေ မှာ တပ်ဆင် အသုံးပြုပါတယ် (ဒီနေရာမှာ ပြောစရာရှိတာက ကျွန်တော် တို့တွေက Honda ရဲ့ Starter မော်တာသံကို ကြိုက်နေကြချိန်မှာ Honda Company ကတော့ အသံ လုံးဝ မထွက်အောင် ဖန်တီးနေတာပါ😀) မော်တာသံ လုံးဝ မကြားရတော့ ပဲ ခလုပ်နှိပ် စက်နိုး စနစ်ပါ တစ်ကယ် Perfect Technology ပါ ခင်ဗျာ ဒီနည်းပညာရဲ့ အနှစ်ကို Honda Scooter ဆိုင်ကယ်အမျိုးအစား တော်တော် များများမှာ တွေ့ရနိုင်ပါတယ် ခင်ဗျ
Hybrid System
The first hybrid bike in the world ပါ. Hybrid နည်းပညာကို ပထမဆုံး အသုံးပြုတဲ့ ကမ္ဘာ့ ပထမဆုံး ဆိုင်ကယ်ပါ( ရေးရတာ အရသာ ရှိလိုက်တာ)
Hybrid ဆိုတာ ဘာလဲ
2017 ခုနှစ် October လ မှာ 45 နှစ်မြောက် Tokyo Moto Show (TMS ) မှာ Honda Company က စတင် မိတ်ဆက် ခဲ့ပြီး 2018 September လ မှာတော့ Japan နိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ် ဒီShow မှာ PCX Hybrid နဲ့ အတူ PCX Electric ကိုပါ ပူးတွဲ မိတ်ဆက်ခဲ့တာပါ နှစ်ခုလုံးကို US အတွက် ရည်ရွယ် မိတ်ဆက်ခဲ့တာပါ ထုတ်လုပ် တပ်ဆင် တဲ့အပိုင်းကိုတော့ Honda Thailand ကပဲ တာဝန်ယူပြီး Thai နိုင်ငံမှာပဲ တပ်ဆင် ထုတ်လုပ်ပြီး တင်ပို့ရောင်းချတာပါ Hybrid အကြောင်း ဆက်သွားရမယ် ဆိုရင် Battery မှ PDU( Power Delivery Unit ) သူကမှ ACG Starter Electric Motor ကို ဆက်သွယ်ပါတယ် ဒီ Electric Motor မှ တစ်ဆင့် 150CC eSP Engine ကို Assist လုပ်ပေးပါတယ် 48V high-output Lithium အမျိုးအစား Battery ကို အသုံးပြု ထားပါတယ် သူဟာ နည်းပညာ လျှို့ဝှက်မှု့ အနေနဲ့ ဘယ်လောက် မီတာ အရောက် မှာ မော်တာ က assist လုပ်ပြီး ဘယ်လို ထောက်ပံ့တယ် ဆိုတာမျိုးတော့ သေချာ ထုတ်ပြထားတာ တော့ မရှိပါဘူး power နဲ့ top speed အနေနဲ့ ထူးခြားစွာ ပြောင်းလဲ သွားခြင်း မရှိပါဘူး Fuel Consumption အနေနဲ့ without Hybrid PCX 125 CC ဆိုင်ကယ် က US 1 gallons ကို 46 KM 108 Mile ရောက်ရှိမှာ ဖြစ်ပြီး PCX Hybrid 150CC နှင့် ဆိုရင်တော့ 51 KM 122 Mile ရောက်ရှိမယ် လို့ ဆိုပါတယ် Percentage အနေနဲ့ ဆီစားနှုန်း 2.37 percent သက်သာတယ်လို့ ဆိုထားပါတယ် အချိန် တစ်ခန အတွင်း မသိသာပေမဲ့ နှစ်ကာလ ကြာလာသည် နှင့် အမျှ Hybrid ရဲ့ အကျိုး အမြတ်ကို ခံစားလာရမှာပါ ပြင်ဆင်မှု့ အပိုင်းနှင့် ပြန်ကြည့်မည် ဆိုရင်လဲ Battery ကို ၁၀ နှစ် အထိ အာမခံ ပေးထားပါတယ် နည်းပညာ အမြင့်တွေကို နိုင်နင်းတဲ့ နိုင်ငံတွေ အတွက်တော့ အရမ်းကို အကျိုး ရှိစေပါတယ်
PGM-FI (Programmed Fuel Injection)
သူ့ရဲ့ အလုပ်လုပ်ပုံကို အနည်းငယ် ရှင်းပြပါမယ်
PGM-FI အတွက် Programmed တွေ သုံးဆည်းထားတဲ့ နေရာကိုတော့ PCM (powertrain control module) လို့ ခေါ်ပါတယ် PCM ကနေ ဘာတွေ ကို ထိန်းချုပ် မောင်းနှင်သလဲ ဆိုရင်
PCM နဲ့ ဆက်သွယ်ထားတဲ့ sensor တွေ အနေနဲ့က
-Throttle Temperature
-Engine Temperature
-Crankshaft Pisition
-Intake Manifold Pressure
-Atmospheric Pressure
-Exhuast-gas oxygen content
-Intake Air Temperature
PGM-FI မှ ပေးပို့တဲ့ data ကို ရယူပြီး အင်ဂျင်မှာ ဆီ ဘယ်လောက် လို အပ်သလဲ ဆိုတာကို ဆုံးဖြတ်ပြီး injector တွေကို အဖွင့်အပိတ် Command ပေးပါတယ်
Honda ကား ဆိုင်ကယ် အားလုံးဟာ ဒီနည်းပညာကိုပဲ အသုံးပြု ထားတာပါ ဒီနည်းပညာကို Honda Company က 1980 လောက်ထဲက ကားတွေမှာ စတင် အသုံးပြုခဲ့ပြီ ဆိုင်ကယ် တွေအတွက်တော့ 1998 ခုနှစ်လောက်မှ စတင် အသုံးပြုခဲ့ပါတယ်
အချုပ်အားဖြင့် ဆိုရရင်တော့ PCM ဟာ Honda အတွက် Sensor Controller ပါပဲ😀
Smart Key
ဒီပို့ကစာ အရမ်းရှည် နေပြီ ဖြစ်တဲ့ အတွက် သူ့ကိုတော့ နောက်ပို့ မှပဲ ရေးပေးပါရစေနော်
အိုကေ ဒီလို ဆိုပေမဲ့ အထက်မှာ ပြောသွားတဲ့ feature တွေကို နိုင်ငံ တိုင်မှာတော့ ခံစားရမှာ မဟုတ်ပါဘူး Honda Company ရဲ့ စျေးကွက်း ထိုးဖောက်မှု့ Plan အရ တစ်ချို့ နိုင်ငံတွေ အတွက် သီးခြား ထုတ်လုပ် ခြင်းတွေလဲ ပါဝင်ပါတယ် တစ်ချို့ နည်းပညာတွေကိုတော့ Option အနေနဲ့ User အယောက်ဆီတိုင်းရဲ့ လိုအပ်ချက် နဲ့ အတူ အထူး မှာယူခွင့်လဲ ရှိပါတယ်
ဒီလောက်ဆိုရင်တော့ Honda PCX ရဲ့ History နဲ့ နည်းပညာ စမ်းသပ် တိုးတက် ပြောင်းလဲ မှု့ကို သိမြင်ကြပြီလို့ ယူဆပါတယ်
ဒီတော့ Specification လေးတွေ ရွတ် ရအောင်
အရင်ဆုံး Safety ပိုင်းအနေနဲ့ ABS Yes/No
Pass Switch မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ မီတောက်တာပေါ့ဗျာ ကိုက အခြားယဉ်ကို ကျော်ချင်တာ ဖြစ်ဖြစ် အရှိန်များလာလို့ ဖြစ်ဖြစ်အမြန်ဆက်သွားဖို့ အသိပေးချင်တဲ့ နေရာမှာ သုံးပါတယ် ခင်ဗျ Engine Check Waining မီးလဲ ပါပါတယ် Hazard Light သူကတော့ မြန်မာလို ဆိုရင် စုံမီးပေါ့နော် ကို့ဆိုင်ကယ် ပျက်တဲ့အချိန်တွေမှာ အချက်ပြမီး ရှေ့ နောက် ၄ ခုလုံး တူညီစွာ အဖွင့် အပိတ် လုပ်ထားခြင်းပါ Riding Mode ကတော့ Street Mode ပါ ခင်ဗျ Anti-Theft Alarm ကတော့ smart key ဖြစ်သွားတဲ့ ဘီး အတော် များများပါ ပါပါ တယ် ခင်ဗျ Speedometer, Odometer, Trip Meter, Fuel Gauge တွေက Digital ဖြစ်ပြီး Techometer က Analog ပါ Cruise Control တော့ မပါဝင်သေးပါဘူး ရှေ့ Break က Disc Break ဖြစ်ပြီ နောက် Break ကတော့ Drum Break ပါ ဂွေတွေက Alloy ဂွေတွေ ဖြစ်ပြီး Size က R14 ပါ တာယာ Size ကတော့ ရှေ့ 100/80 နောက် 120/70 ပါ အလေးချိန်က 134 KG ရှိမှာ ဖြစ်ပြီး အမြင့်က 1107mm အရှည်က 1923 mm အကျယ်က 745 mm ဘီးနှစ်ဘီး အကွာ အဝေးက 1313 mm ရှိပြီ Scooter အမျိုးအစား မြေပြင်ကင်းလွတ်မှု့ 137mm ရှိပြီး ထိုင်ခုံ အမြင့်က 764 mm ပါ Variable Speed Gear Box ဖြစ်ပြီး 4-speed CVT အမျိုးအစားပါ
Bore size က 57:3 mm * 59:9 mm ပါ Compression ratio က 10:6:1 ပါ Clutch Type က Automatic, Centrifugal, Dry Type ပါ Cooling System ကတော့ Liquid Cooled ပါ Single Cylinder, 4-Stroke, 2 valve, Liquid Cooled, SOHC Engine အမျိုးအစားပါ 149.32CC ပါရှေ့မီးနောက်မီး အချက်ပြမီး အားလုံး LED ပါ Ignition Tpye က TCI Type ဖြစ်ပြီး ဆီဖြန့်ဖြူးရေး System ကတော့ PGM-FI ပါ ဆီတိုင်ကီရဲ့ ဝင်ဆန့်မှု့က 8 Liters ပတ်ဝန်းကျင်ပါ Electric Starter ပဲ ပါဝင်ပါမယ် Drive Type က Belt Type ပါ Body Frame Type ကတော့ Double Cradle လို့ ဆိုထားပြီးရှေ့ဖောက်ကို Telescopic Fork နဲ့ နောက်ဖောက်ကို Double Swing Arm သုံးထားပါတယ် Sear Holder ခေါ် ထိုင်ခုံ လှမ်းတင်တဲ့ Hydrolic arm ပါရှိမှာ ဖြစ်ပြီး Tool Box ကတော့ အတော်ကို ကြီးမားပါတယ် ဒါတွေကတော့ PCX ရဲ့ Specs အပြည့်အစုံပါခင်ဗျ
စျေးနှုန်း
NCX Showroom မှာ လက်ရှိ ပေါက်စျေး ၄၃ သိန်း ၅ သောင်းကို cashback အစီအစဉ်ကြောင့် ၆လပိုင်း အကုန်အထိ ၃ သိန်း အတိ ပြန်ပေးနေပါပြီ
စျေးနှုန်းကို Showroom စျေးကိုပဲ အတိအကျ ညွှန်းပေထားပါတယ် ခင်ဗျ
ဒီလောက်ဆိုရင်တော့ Honda PCX 150 CC ရဲ့ အကြောင်းကို အပြည့်အစုံ သိရှိပြီလို့ မျှော်လင့်ရပါတယ်
credit -Yell Naing Win
#SharingByEmpireMotocycleTeach
<Zawgyi>
_________________________________________
Honda Motor Company မှ PCX အမျိုးအစား မော်တော် ဆိုင်ကယ်ကို 2009 ခုနှစ်မှ စတင်ပြီး ယခု အချိန် 2020 အထိ Generation ခွဲ၍ ဆက်လက် ထုတ်လုပ်နေပါတယ် 2009 မှ 2013 ထိ Thailand မှာ အဓိကထား တပ်ဆင်ထုတ်လုပ်ပြီး 2014 မှာ Vietnam 2018 မှာ Indonesia နိုင်ငံ တို့မှာပါ တိုးချဲ့ ထုတ်လုပ် လာပါတယ် 2009 ခုနှစ်မှာ 125 CC တစ်မျိုးထဲ ကို ထုတ်လုပ်ပြီး ဈေးကွက် အနေနဲ့ European Market ကို အဓိက ထား ဖြန့်ချီပြီး 2011 ခုနှစ် ရောက်မှ Asian အချို့ နိုင်ငံတွေနဲ့ Europe ကို ခွဲ ဝေ ရောင်းချပါတယ် 2012 နှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ ကို စတင်ပါတယ် အင်ဂျင်ပါဝါ ပိုင်းကို 125CC မှ 150CC သို့ ပြောင်းလဲ ခြင်းနှင့် အချိုး နည်း ပညာပိုင်း အဆင်မြှင့်တင်ခြင်း တွေပါ 2011 မှ 2013 အထိကို ပထမ မျိုးစက်လို့ သက်မှတ် ထားပါတယ် 2011 ရှေ့ပိုင်း မော်ဒယ်နဲ့ ဒီဇိုင်းပိုင်းလေး အနည်းငယ်လဲ ပြောင်လဲ လာပါတယ် ဒါပေမဲ့ 2014 ခုနှစ်မှာတော့ ထုတ်လုပ် တပ်ဆင်ခြင်း မပြုလုပ်ပဲ အရင် နှစ် ရဲ့ ထုတ်ကုန် ကိုပဲ ဆက်လက် ရောင်းချပါတယ် 2015 ခုနှစ်မှာတော့ ဒုတိယ မျိုးဆက် အနေနဲ့ ပြန်လည် ထုတ်လုပ် ရောင်းချလာပြီး အဓိက အနေနဲ့ ဆိုင်ကယ်ရဲ့ ဘော်ဒီပိုင်း ကို အရင် မျိုးဆက် အတိုင်း ဆက်လက် အသုံးပြုပြီး အနည်းငယ် ပြောင်းလဲ မှု့တွေနဲ့ အတူ ပြန်လည် ပွဲ ထွက် လာပါတယ် ဒီဒုတိယ မျိုးဆက်ကိုတော့ Canada နဲ့ USAနိုင်ငံ တို့ကို ပါ တင်ပို ရောင်းချလာပါတယ် 2015 မှ 2018 အထိက ဒုတိယ မျိုး ဆက်အနေနဲ့ ကျွန်တော် တို့ နိုင်ငံ မှာလဲ အများအပြား တွေ့နေရတဲ့ မော်ဒယ်တွေပါ
Engine အကြောင်း
Breaking အကြောင်း
ဒါကတော့ Safety ဖြစ်ဖို့ အထူးပြု ထားတဲ့ Breking System ပါ သဘောတရားကို အနည်းငယ် ပြောပြပါ့မယ် ယဉ်မောင်း သူအနေနဲ့ ဆိုင်ကယ် ကို ရပ်ချင်၍ Break ကို အသုံးပြုတဲ့အခါ ဘီးကို အမြဲ ရပ်မသွားစေပဲ ရပ်လိုက် လွှတ်ပေးလိုက် ဒီသဘောမျိုးနဲ့ ရှေ့ဘီးကို စလစ်ဖြစ်ပြီး လဲ မသွားအောက် အလျို လျှောက် လုပ်ပေးတာပါ ABS system ပါတဲ့ ဘီးက ဈေးနှုန်းပိုကြီးပါတယ် ဈေးပိုပေးရခြင်းနဲ့ ထက်တူ တစ်ကယ်ပဲ Safety အတွက် ကောင်းမွန်တဲ့ Braking System ပါ ခင်ဗျ
CBS
ABS
Idling System
Starter Motor
Hybrid System
Hybrid ဆိုတာ ဘာလဲ
-Throttle Temperature
-Engine Temperature
-Crankshaft Pisition
-Atmospheric Pressure
Smart Key
အိုကေ ဒီလို ဆိုပေမဲ့ အထက်မှာ ပြောသွားတဲ့ feature တွေကို နိုင်ငံ တိုင်မှာတော့ ခံစားရမှာ မဟုတ်ပါဘူး Honda Company ရဲ့ ဈေးကွက်း ထိုးဖောက်မှု့ Plan အရ တစ်ချို့ နိုင်ငံတွေ အတွက် သီးခြား ထုတ်လုပ် ခြင်းတွေလဲ ပါဝင်ပါတယ် တစ်ချို့ နည်းပညာတွေကိုတော့ Option အနေနဲ့ User အယောက်ဆီတိုင်းရဲ့ လိုအပ်ချက် နဲ့ အတူ အထူး မှာယူခွင့်လဲ ရှိပါတယ်
ဈေးနှုန်း
NCX Showroom မှာ လက်ရှိ ပေါက်ဈေး ၄၃ သိန်း ၅ သောင်းကို cashback အစီအစဉ်ကြောင့် ၆လပိုင်း အကုန်အထိ ၃ သိန်း အတိ ပြန်ပေးနေပါပြီ
ဈေးနှုန်းကို Showroom ဈေးကိုပဲ အတိအကျ ညွှန်းပေထားပါတယ် ခင်ဗျ
credit -Yell Naing Win